DVB Logo
Home
မြန်မာသတင်း
ဦးထင်ကျော်ကို ထောင်အကြိမ်ကြိမ်ချနေမှု တရားမျှတမှုမရှိဟု ရှေ့နေပြော
DVB
·
August 21, 2014
ဦးထင်ကျော်ကို ထောင်အကြိမ်ကြိမ်ချနေမှု တရားမျှတမှုမရှိဟု ရှေ့နေပြော
Donate to DVB

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားရေးအဖွဲ့ခေါင်းဆောင် ဦးထင်ကျော်ကို ချမှတ်တဲ့ ထောင်ဒဏ်တွေဟာ အားလုံးပေါင်းလိုက်ရင် ၈ နှစ် ကျော်ရှိနေပြီး ဒါဟာ တရားမျှတမှု မရှိတဲ့ ပြစ်ဒဏ်တွေ ဖြစ်တယ်လို့ သူရဲ့ အမှုလိုက်ရှေ့နေက ပြောကြားပါတယ်။

z1 copyဦးထင်ကျော်ကို  နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့  ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်တရားရုံးက  အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၁ နှစ်ကျခံဖို့  သြဂုတ် ၁၉ ရက်နေ့က အမိန့် ချမှတ်လိုက်တာပါ။

ဦးထင်ကျော်ရဲ့ ရှေ့နေကတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်မှု ပုဒ်မ ၁၈ တွေနဲ့ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာ၊ ဗဟန်း၊ ကျောက်တံတား၊ ဒဂုံ (အရှေ့) ဒဂုံ (မြောက်)၊ မရမ်းကုန်းနဲ့ ရွှေပြည်သာမြို့နယ်တရားရုံးတွေက စွဲဆိုခဲ့ပြီး ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ  အားလုံး ပေါင်းလိုက်ရင် ၈ နှစ်ခွဲ ရှိသွားပြီလို့ ပြောပါတယ်။

ဒ့ါအပြင် မြောက်ဥက္ကလာ၊ လှိုင်နဲ့ ကျောက်တံတားမြို့နယ်တွေက စွဲဆိုထားတာတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

ပြုလုပ်မှုတခုအတွက် လူတဦးကို ကြိမ်ဖန်များစွာအပြစ်ပေးရာ ရောက်နေတဲ့အတွက် တရားမျှတတဲ့ ပြစ်ဒဏ်လို့ မဆိုနိုင်တဲ့အကြောင်း ဦးထင်ကျော်ရဲ့ ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။

“မေးမြန်းတဲ့အခါ တရုံးတမိန့်ဖြစ်ပြီးတော့ ကိုထင်ကျော်ဟာ တော်တော်နစ်နာနေပြီ။ ခရိုင်တရားရုံးတွေကလည်း အောက်ရုံးတွေရဲ့ စီရင်ဆုံးဖြတ်ချက်တွေကို လပတ်အစီရင်ခံစာ တက်လာတဲ့အခါမှာ ဥပဒေနဲ့ညီမညီ၊ မညီရင် ကိုယ်ပိုင်မူလဘူတ အာဏာအရ ပေါင်းစည်းပေးရမှာကို မလုပ်ကြဘူး။ နိုင်ငံရေးနဲ့ ပတ်သက်နေလို့ပဲ ကျနော်တို့ တွက်တယ်။ တရားသူကြီးတွေ လစာမလုံလောက်မှုကြောင့် ငွေကြေး ယူတာကို ကျနော်တို့ လက်ခံနိုင်တယ်။ ဒါပေမယ့် လက်မခံနိုင်တာက အကောင်အထည်မရှိတဲ့ အကြောက်တရားနဲ့ ဆုံးဖြတ်နေတာတွေကိုတော့ ကျနော်တို့ လက်မခံနိုင်ဘူး။”

ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၃၄ အရ တနှစ်တည်းမှာ ဖြစ်ပွားခဲ့တဲ့  ၃ မှုကို ၁ မှုနှုန်းနဲ့ ဆောင်ရွက်လို့ရပေမယ့် တရားရုံးတွေကလည်း အမှုစစ်ရဲအရာရှိတွေကို တခြားတရားရုံးတွေမှာ ဒီအမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုထားတာရှိသလားလို့ မေးမြန်းဆောင်ရွက်ခြင်းမရှိဘူးလို့လည်း ရှေ့နေက ထောက်ပြပါတယ်။

ဦးထင်ကျော်ဟာ  ပြီးခဲ့တဲ့ န၀တ၊ နအဖစစ်အစိုးရလက်ထက်ကလည်း   ကုန်ဈေးနှုန်း ကျဆင်းရေး  ဦးဆောင်ဆန္ဒပြခဲ့တဲ့အတွက် အကြိမ်ကြိမ် ထောင်ကျခံခဲ့ရဖူးပါတယ်။

ခု သမ္မတဦးသိန်းစိန်လက်ထက်မှာလည်း ပြည်ထောင်စုအစိုးရ နုတ်ထွက်ပေးဖို့ စာရွက်တွေ လိုက်ဝေခဲ့တဲ့အတွက်  တရားစွဲဆိုခံရတာဖြစ်ပြီး  သူလုပ်ရပ်တွေကို ထိန်းချုပ်ချင်လို့ တရားစွဲဆိုတာဖြစ်တယ်လို့ ဇနီး ဒေါ်သန်းသန်းမော်က ပြောပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013