DVB Logo
Home
အားကစား
အသင်းဘက်က ထောက်ခံမှုအပြည့်အဝရထားဟု  မန်ယူနည်းပြတန်ဟတ်ဂ်ပြော
DVB
·
December 17, 2023
အသင်းဘက်က ထောက်ခံမှုအပြည့်အဝရထားဟု  မန်ယူနည်းပြတန်ဟတ်ဂ်ပြော
Donate to DVB

အသင်းဘက်က ထောက်ခံမှုအပြည့်အဝရရှိထားကြောင်း မန်ယူနည်းပြတန်ဟတ်ဂ်က ပြော ပါတယ်။

မန်ယူအသင်းဟာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးနောက် နည်းပြတန်ဟတ်ဂ်ကို ထုတ်ပယ်နိုင်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

ဂရေဟမ်ပေါ်တာနဲ့ အစားထိုးနိုင်ကြောင်း သတင်းထွက်ပေါ်လာ ခဲ့ပေမဲ့ နည်းပြတန်ဟတ်ဂ်ကတော့ အသင်းရဲ့ ထောက်ခံမှု ရရှိထားတာကြောင့် ယုံကြည်မှုရှိကြောင်း ပြန်လည်တုံ့ပြန်ခဲ့တာပါ။

နည်းပြတန်ဟတ်ဂ်က“ အသင်းဆီက ယုံကြည်မှု ခံစားမိပြီး အဲဒီလိုယုံကြည်မှုရှိတယ်ဆိုတာကိုလည်း အသင်းဘက်က ကျနော့်ကိုပြောခဲ့ပါတယ်။ ဒီအသင်းကို တိုးတက်လာအောင်လုပ်ဖို့နဲ့ တစ်ဦးချင်း အရလည်း ပိုကောင်းလာဖို့ပဲ အာရုံစိုက်ထားပြီး ဒါက ကျနော်လုပ်ဆောင်နေတာ အားလုံးပါပဲ။ အသင်းအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်”လို့ ပြောပါတယ်။

နည်းပြတန်ဟတ်ဂ်ရဲ့ ယူနိုက်တက်အသင်းဟာ  တနင်္ဂနွေည ၁၁ နာရီမှာ လီဗာပူးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး ပွဲရလဒ်က အသင်းနဲ့ အနာဂတ်ကိုပါ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိလာနိုင်ပါတယ်။

 Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013