DVB Logo
Home
နိုင်ငံတကာ
နိုင်ငံတော်အရန် ရွှေအချို့ကို အီကွေဒေါအစိုးရ ရောင်းချမည်
DVB
·
December 16, 2023
နိုင်ငံတော်အရန် ရွှေအချို့ကို အီကွေဒေါအစိုးရ ရောင်းချမည်
Donate to DVB

အီကွေဒေါအစိုးရသစ်ဟာ နိုင်ငံစုံအဖွဲ့အစည်းတွေဆီက ချေးငွေ မရှာရခင်မှာ အသုံးစရိတ်ကို ဒေါ်လာ ၁ ဘီလီယံ ဖြတ်တောက်မှာဖြစ်ပြီး နိုင်ငံတော်အရန်ရွှေ တချို့ကို ရောင်းချခြင်းအားဖြင့် လည်း အမြတ်ငွေ ဒေါ်လာ သန်း ၃၀၀ လောက် တိုးလာမယ်လို့ သမ္မတ ဒယ်နီယယ် နိုဘိုအာက ပြောပါတယ်။

ကွီတိုမြို့ရှိ သမ္မတအိမ်တော်မှာ ဒီဇင်ဘာ ၁၅ ရက်က အင်တာဗျူးတခုမှာ ပြောကြားခဲ့တာဖြစ်ပြီး နိုင်ငံတကာမှာ စျေးနှုန်းကြီးမြင့်နေတာကြောင့် ဒေသန္တရအစိုးရတွေရဲ့ လိုအပ်ချက်တွေကို ထောက်ပံ့နိုင်ဖို့ အီကွေဒေါနိုင်ငံရဲ့ အရန်ရွှေတချို့ကို ရောင်းချဖို့ အချိန်ကိုက်ပဲ လို့လည်း သမ္မတ နိုဘိုအာက ပြောပါတယ်။ 

ဗဟိုဘဏ်ရဲ့ အဆိုအရ အီကွေဒေါ နိုင်ငံရဲ့ နိုင်ငံတကာ အရန်ငွေ ဒေါ်လာ ၅ ဘီလီယံ ထဲမှ ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံလောက်က ရွှေသားတွေ ဖြစ်တယ်လို့ အသက် ၃၅ နှစ်ရှိ သမ္မတ နိုဘိုအာက ဆိုပါတယ်။ 

အသုံးစရိတ်ကို သေချာပြန်ဖွဲ့စည်းခြင်းဟာ လာမယ့်နှစ်မှာ ဒေါ်လာ ၁ ဘီလီယံလောက် သက်သာသွားမှာဖြစ်ပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့လို အဖွဲ့အစည်းတွေဆီက ချေးငွေမယူခင်မှာ သူ့အစိုးရဟာ ကုန်ကျစရိတ်တွေကို လျှော့ချသွားမယ် လို့ သူက ပြောပါတယ်။

အသုံးစရိတ်တွေ ဖြတ်တောက်ခြင်းနဲ့ ဝန်ကြီးတွေရဲ့ လစာလျှော့ချခြင်းတွေကနေ သက်သာငွေ ရရှိနိုင်မယ် လို့လည်း ဆိုပါတယ်။ 

အီကွေဒေါဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက IMF နဲ့ ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ ချေးငွေအစီအစဉ်ကို အပြီးသတ်ခဲ့ပါတယ်။ 

နိုဘိုအာက သူဟာ ဒေါ်လာ ၄၇ ဒသမ ၄ ဘီလီယံလောက်ရှိတဲ့ နိုင်ငံခြားကြွေးမြီတွေကို အီကွေဒေါ နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေနဲ့ ဟန်ချက်ညီ မျှတအောင် လုပ်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013