DVB Logo
Home
မြန်မာသတင်း
မောရဝတီ ရေတပ်စခန်းဌာနချုပ်ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
December 16, 2023
မောရဝတီ ရေတပ်စခန်းဌာနချုပ်ဒရုန်းဖြင့် တိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီတိုင်း  ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ  အခြေစိုက် မောရဝတီရေတပ်စခန်းဌာနချုပ် ဒီဇင်ဘာ ၁၅ ရက် မနက် ၈ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတယ်လို့ ရေတပ်အသိုက်အဝန်းနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီက သိရပါတယ်။ 

ရေတပ်နဲ့နီးစပ်တဲ့ဒေသခံတဦးက "တိုက်ခိုက်ခံရတာ သေချာတယ်။  ဌာနချုပ်ထဲကို ဗုံး သုံးလုံး ကျတယ်။ အခုကတော့ တပ်အဝင်အထွက်ကို တင်းကျပ်ထားလို့ ထိခိုက်တာ ရှိ၊ မရှိက ပြောလို့ မရသေးဘူး" လို့ ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် ရေတပ်ဌာနချုပ်အနီးမှာရှိတဲ့ စာသင်ကျောင်းတွေက ကျောင်းသားတွေကို ပြန်လွှတ်လိုက်ပြီး နဘုလယ်ဘက်ကနေ ကံပေါက်ဒေသဝင်တဲ့ ပယလမ်း၊ ကဒိုက်ရေတပ်စခန်းဘက်ကို သွားလို့ရတဲ့ ပြင်ကြီးလမ်းနဲ့ ကလိန်အောင်အဝင်လမ်း တွေကိုလည်း ၁၀ နာရီကြာ ပိတ်ထားခဲ့ပါတယ်။

ဒါ့အပြင် ရေတပ်စခန်းဌာနချုပ်ကနေ အိန္ဒရာဇာရွာဘက်ကို လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒီဇင်ဘာ ၁၆ ရက်အထိ ဥယျာဥ်ခြံအလုပ်သမားများ အလုပ်ပြန်မဆင်းရဲသေးကြကြောင်း ဒေသခံ တွေက ပြောပါတယ်။

မောရဝတီရေတပ်က ကင်းလှည့်နေတဲ့ကားတွေ ကံပေါက်တိုက်နယ်အတွင်း မကြာခဏ မိုင်းဆွဲ တိုက်ခိုက်ခံရတာရှိပေမဲ့ အခုလိုဌာနချုပ် တိုက်ခိုက်ခံရတာကတော့ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

မောရဝတီရေတပ်စခန်းဌာနချုပ်ဟာ မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်း စတင်ချိန်မှာ မော်လမြိုင်မှ ကံပေါက်ကို ပြောင်းရွှေ့လာပြီး ဟိန်းဇဲရေယာဥ်စုအဖြစ် ကံပေါက်မှာ လာရောက် အခြေစိုက်ထားတာဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေချိန် တနင်္သာရီပင်လယ်ပြင်ထဲ ရုရှားနဲ့စစ်ကောင်စီ ပူးတွဲစစ်ရေးလေ့ကျင့်စဥ်မှာ မောရဝတီရေတပ်စခန်းလည်း ပါဝင်လေ့ကျင့်ခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013