DVB Logo
Home
နိုင်ငံရေး
သမ္မတဦးသိန်းစိန်၏ ၄ လပတ် မိန့်ခွန်းအပေါ် သုံးသပ်ချက်များ
DVB
·
August 21, 2014
သမ္မတဦးသိန်းစိန်၏ ၄ လပတ် မိန့်ခွန်းအပေါ် သုံးသပ်ချက်များ
Donate to DVB

သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ ၄ လပတ် အစည်းအဝေးတခုကို သြဂုတ် ၂၀ ရက်နေ့က နေပြည်တော်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတက အဖွင့်မိန့်ခွန်း ပြောခဲ့ပါတယ်။

အဲဒီမိန့်ခွန်းထဲမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ထည့်သွင်း ပြောကြားသွားပြီး နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဖို့ အချိန် သိပ်မကျန်တော့ဘူးလို့ အစိုးရအဖွဲ့ကို သတိပေး ပြောကြားသွားပါတယ်။

တခါ သမ္မတက နိုင်ငံဝန်ထမ်းတွေ လာဘ်စားနေတုန်းလို့ ပြောသွားခဲ့ပြီး လာဘ်ပေးလာဘ်ယူ လုပ်နေတာတွေ အရှိန်မြှင့် အရေးယူရမယ်လို့လည်း ပြောသွားပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက သမ္မတပြောတဲ့ လာဘ်စားတာ အရေးယူရမယ်ဆိုတဲ့စကားကို သဘောမတူပါဘူး။

[caption id="attachment_39817" align="alignright" width="300"]ဦးခင်မောင်ဆွေ ဦးခင်မောင်ဆွေ[/caption]

“သမ္မတဦးသိန်းစိန် သက်တမ်း ၂ နှစ်ကျော်ကျော်လေးမှာ လာဘ်ပေးလာဘ်ယူ အကုန် ပပျောက်ရေးဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လာဘ်ပေးလာဘ်ယူ လုပ်ချင်လို့ လုပ်နေကြတာ မဟုတ်ပဲကိုးဗျ။ ပြီးခဲ့တဲ့ အာဏာနဲ့ အုပ်ချုပ်ခဲ့တဲ့ အထဲမှာ လူမှုပတ်ဝန်းကျင်တခုလုံး၊ လူမှု စီးပွားတခုလုံး အုပ်ချုပ်မှုတခုလုံးက ပျက်စီးသွားပြီလေ။ စားဝတ်နေရေးလည်း အခုအထိ ပြန်မမတ်နိုင်သေးပဲကိုး။ လူမှုစီးပွားရေးဘ၀ကို ထိရောက်စွာ မပြင်နိုင်ပဲနဲ့ လာဘ်ပေးလာဘ်ယူ တခုတည်းကို နှိမ်နင်းလို့ကတော့ မပြီးနိုင်ဘူးလေ။ ၀န်ထမ်းတွေကလည်း လစာရိက္ခာလောက်ငတဲ့ အနေအထား ရောက်အောင်သွားပြီဆိုဦးတော့ ကုန်ဈေးနှုန်းမတက်အောင်လည်း ဘယ်သူမှ မလုပ်နိုင်ဘူးလေ။ ပတ်ပတ်လည် ဖြစ်နေတဲ့ ဒုက္ခတွေ မြေဈေးကြီးမြင့်မှုတွေ၊ ကုန်ပစ္စည်းပိုမိုထုတ်လုပ်နိုင်မှု မရှိတာတွေ၊ ထိရောက်တဲ့ ဥပဒေ အကာအကွယ်ကို ပြည်သူတွေ မရသေးတာတွေ၊ လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းသေးတာတွေ၊ သီးနှံအာမခံစနစ်တွေ တကယ်တမ်းမလုပ်နိုင်သေးတာတွေ၊ လူတွေ အလုပ်အကိုင် ရရှိမှုကလည်း သိန်းဂဏန်းပဲ ရှိသေးတာကိုး။ တကယ်တမ်း အလုပ်လက်မဲ့က ၈ သန်းလောက် ရှိတာကိုး။ ဒါတွေကို ချက်ချင်းလက်ငင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြင်ဆင်နေတာတော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ လာဘ်ပေးလာဘ်ယူက အားလုံးနဲ့ ပတ်သက်နေတာကိုးဗျ။”

ဆင်းရဲနွမ်းပါးသူတွေနဲ့ အိုးအိမ်မဲ့တွေနေဖို့ အဖိုးနှုန်းချိုသာတဲ့ အိမ်ရာတွေကို မြို့ကြီးအတော်များများမှာ ဆောက်ပေးရမယ်လို့လည်း သမ္မတက အစိုးရအဖွဲ့ဝင်တွေကို ပြောပါတယ်။

အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က သမ္မတပြောတာ မဖြစ်နိုင်ဘူးလို့ သုံးသပ် ပြောပါတယ်။

[caption id="attachment_30225" align="alignleft" width="300"]ဦးဖုန်းမြင့်အောင် ဦးဖုန်းမြင့်အောင်[/caption]

“လက်တွေ့ပေါ့နော်၊ သင်္ကန်းကျွန်းဘက်မှာ အိမ်ရာတွေ ဆောက်နေတယ်။ ကျနော့်သူငယ်ချင်းတွေကလည်း တော်တော်ရင်းနှီးမြှုပ်နှံပြီး ဆောက်နေကြတယ်။ အဲဒီမှာ မြေတွေဟာ ဗိုလ်ချုပ်ကြီး တဦးရဲ့သားကို မြေတွေ အစိုးရပေးထားတယ်ဗျာ။ အဲဒီမြေမှာ ဆောက်ခွင့်ရဖို့အတွက် ငွေပေါင်းများစွာ ကန်ထရိုက်တွေက ပေးရတယ်ဗျာ။ မြန်မာနိုင်ငံမှာ အိမ်ခြံမြေဈေးကြီးတာက မြေတွေတော်တော်များများကို ယခင်အစိုးရ ဗိုလ်ချုပ်ကြီး လက်ဝေခံတွေက ယူထားကြတယ်။ အဲဒီမြေမှာ ဆောက်ခွင့်ရဖို့ သူတို့ခွင့်ပြုမှ၊ သူတို့ကျေနပ်အောင် ပေးမှ ဆောက်ခွင့်ရတာကိုး။ အဲဒီတော့ အိမ်ခြံမြေဈေးက ဘယ်လိုမှ ကျစရာ မရှိဘူးပေါ့နော်။ သမ္မတကြီး ဦးသိန်းစိန်ကို ကျနော်လေးစားပါတယ်။ ဒါပေမယ့် သူပြောတာက လက်တွေ့အခြေအနေနဲ့ မြေပြင်နဲ့ မကိုက်ဘူး။ မြေပြင်မှာ တန်ဖိုးနည်းအိမ်ရာဆောက်ဖို့ အခြေအနေက ပေးကို မပေးတော့ဘူး။ ဘာလို့လဲဆိုတော့ ဒီမြေနဲ့ ပတ်သက်လို့ နိုင်ငံတော်ပိုင် မဟုတ်တော့ဘူး။ သက်ဆိုင်ရာ လူကြီးသားသမီးတွေက ခွဲဝေယူထားပြီးပြီဗျ။”

လယ်မြေပြဿ နာတွေကြောင့် သူ့အစိုးရအဖွဲ့လည်း ဘက်ပေါင်းစုံက ပြစ်တင်ဝေဖန်တာ ခံနေရတယ်။

တကယ်တော့ လယ်မြေပြဿ နာတွေက သူတို့ အစိုးရလုပ်တာ မဟုတ်ဘဲ ခေတ်အဆက်ဆက် ဖြစ်လာတာတွေကို သူတို့အစိုးရက ရှင်းပေးနေရတာလို့ သမ္မတက ပြောသွားပါသေးတယ်။

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက လယ်မြေတာဝန်ခံ ဦးထွန်းမြင့်အောင်က သမ္မတ ဒီလို မပြောသင့်ဘူးလို့ ဝေဖန်ပါတယ်။

[caption id="attachment_31055" align="alignright" width="300"]ဦးထွန်းမြင့်အောင် ဦးထွန်းမြင့်အောင်[/caption]

“အဲဒီလို ဟိုခေတ်ဒီခေတ်တွေ ပြောမယ်ဆိုရင်လည်း ကျနော်တို့အနေနဲ့ ထောက်ပြစရာတခု ရှိပါတယ်။ အဲဒါက ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော် ခေတ်ကာလ လုပ်ခဲ့တဲ့အချိန်တွေမှာလည်း ဦးသိန်းစိန်အပါအ၀င် စစ်အစိုးရအဖွဲ့ထဲမှာ ရှိတဲ့ ထိပ်ပိုင်းခေါင်းဆောင်အတော်များများဟာ အဲဒီခေတ်ကာလ မြေယာတွေ မတရား သိမ်းဆည်းခံရတုန်းက ခေါင်းဆောင်ပိုင်းမှာ ပါတဲ့သူတွေ ဖြစ်သလို အခု သမ္မတဦးသိန်းစိန်လက်ထက်မှာလည်း သမ္မတဦးသိန်းစိန်အပါအ၀င် ခေါင်းဆောင်အတော်များများဟာလည်း ပြီးခဲ့တဲ့ န၀တ၊ နအဖခေတ်က ခေါင်းဆောင်တွေပါပဲ။ ခေတ်ကာလကို လက်ညှိုးထိုးပြောမယ်ဆိုရင် ဟိုခေတ်မှာလည်း တာဝန်ရှိသလို ဒီခေတ်မှာလည်း ဒီလူတွေဟာ ဆက်လက်ပြီး တာဝန်ခံမှု ရှိရမယ်လို့ ကျနော်ပြောချင်တယ်။ အစိုးရတရပ်အနေနဲ့ဆိုရင် ဒါဟာ ပြီးခဲ့တဲ့ခေတ်က ဖြစ်ခဲ့ပါတယ်လို့ ရှောင်ပြောလို့ မရပါဘူး။ ပြီးခဲ့တဲ့ခေတ်က မတရားမှုတွေဆိုလို့ရှိရင် ဒီဘက်ခေတ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်ဆိုရင် တရားမျှတမှုတွေရှိအောင်၊ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို ပြေလည်အောင် ဆောင်ရွက်ပေးနိုင်စွမ်း ရှိရပါလိမ့်မယ်။ အဲဒီလိုမှမဟုတ်ရင် အစိုးရတရပ်အနေနဲ့ လူထုရဲ့ အကျိုးစီးပွားအတွက် အကောင်အထည်ဖော်ပေးနိုင်တဲ့၊ လူထုကို ကိုယ်စားပြုတဲ့ သန့်ရှင်းတဲ့အစိုးရ၊ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု ကျွမ်းကျင်ပိုင်နိုင်တဲ့ အစိုးရလို့ ပြောနော်တို့ ပြောလို့မရပါဘူး။” ”

သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ သူ့အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ရခိုင်ပြဿ နာဟာ ပြောစရာ ဖြစ်နေတယ်၊ နိုင်ငံတကာကလည်း ဒေါက်ထောက်ကြည့်နေတယ်လို့ ရခိုင်အရေး ထည့်သွင်း ပြောကြားသွားပါတယ်။

ရခိုင်ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင် ကတော့ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်ဟာ ရခိုင်အရေး ဖြေရှင်းရာမှာ အရေးပါတယ်လို့ ပြောပါတယ်။

[caption id="attachment_25306" align="alignleft" width="150"]​ဒေါက်တာ အေးမောင် ​ဒေါက်တာ အေးမောင်[/caption]

“ဒီပြဿ နာ အားလုံးဟာ ပြီးခဲ့တဲ့ အုပ်ချုပ်တဲ့ အစိုးရအဆက်ဆက်ရဲ့ ကိုင်တွယ်ဖြေရှင်းပုံ မူမှန်ခြင်း မရှိခဲ့လို့ ဆိုတာမျိုးကို ပြန်လည်သုံးသပ်ရင် ကာလအားလုံးနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်တခုကို ပိုင်ပိုင်နိုင်နိုင်ချဖို့အတွက် လက်ရှိနိုင်ငံရေးအဖွဲ့အစည်းအားလုံး၊ အစိုးရ အုပ်ချုပ်ရေး အာဏာပိုင်အပါအ၀င် ဥပဒေပြုမဏ္ဍိုင်အားလုံးဟာ သုံးသပ်ဆင်ခြင်ပြီး အကောင်းဆုံးလမ်းတခု ရှာပေးနိုင်မယ်ဆိုရင် လာမယ့် ရခိုင်ပဋိပက္ခဟာ ပြည်ထောင်စုအတွက် အလွန့်အလွန် အားကောင်းတဲ့၊ တနည်းအားဖြင့် နိုင်ငံတကာမိသားစုများအပေါ်မှာ အစိုးရရဲ့ ဆောင်ရွယ်မှု ဘယ်လိုသွားနေတယ်ဆိုတာမျိုးကို ပွင့်ပွင့်လင်းလင်းပြောရင် ဆွဲဆောင်စည်းရုံးနိုင်မယ်၊ တနည်းအားဖြင့် နိုင်ငံရေးဖြေရှင်းမှုတခုကို ယူနိုင်တဲ့အခြေအနေ ဖြစ်တာမို့လို့ ဦးသိန်းစိန်အစိုးရရဲ့ စွမ်းဆောင်ရည်မြင့်မားမှုနဲ့ တနည်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှုဟာ ဒီပြဿ နာအားလုံးရဲ့ အဖြေတခုကို ပေးနိုင်မယ်လို့ ထင်ပါတယ်။ ”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013