DVB Logo
Home
နိုင်ငံတကာ
ရုရှားတွင် ကြက်ဥနှင့် ကြက်သားဈေးနှုန်းမြင့်တက်နေမှု ဖြေရှင်းပေးရန် သမ္မတပူတင်ကို တောင်းဆို
DVB
·
December 15, 2023
ရုရှားတွင် ကြက်ဥနှင့် ကြက်သားဈေးနှုန်းမြင့်တက်နေမှု ဖြေရှင်းပေးရန် သမ္မတပူတင်ကို တောင်းဆို
Donate to DVB

ရုရှားနိုင်ငံမှာ ဈေးနှုန်းတွေမြင့်တက်နေတဲ့ ကြက်ဥနဲ့ ကြက်သားဈေးတွေကို ပြုပြင်ပေးဖို့ ပင်စင်စားတွေက သမ္မတပူတင်ကို တောင်းဆိုခဲ့ရာမှာ သမ္မတပူတင်က အစိုးရရဲ့ ပျက်ကွက်မှုအတွက် တောင်းပန်ပြီး အခြေအနေကို ပြုပြင်ပေးမယ် လို့ ကတိပြုခဲ့ပါတယ်။

မနေ့က သမ္မတပူတင်ရဲ့ နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲမှာ  ပင်စင်စား တယောက်ဖြစ်တဲ့ အာကိုပိုဗာအိုင်ရီနာ အလက်ဆန်ဒရို့ဗ်နာက ဗီဒီယိုမက်ဆေ့ ပေးပို့ပြီး ပင်စင်စားတွေ မဝယ်နိုင်လောက်အောင် ကြက်ဥနဲ့ ကြက်သား ဈေးနှုန်းတွေ မြင့်တက်နေတဲ့အကြောင်း ပြောပြပြီး ဈေးနှုန်းထိန်းသိမ်းပေးဖို့ တောင်းဆိုခဲ့တာပါ။ 

သမ္မတပူတင်ကလည်း ဒီကိစ္စအတွက် တောင်းပန်ပါကြောင်းနဲ့ ဒါဟာ အစိုးရရဲ့ ပျက်ကွက်မှုနဲ့လည်း ဆက်စပ်နေတယ်လို့ ထင်မြင်ကြောင်း ပြောပါတယ်။ 

ဒါဟာ အစိုးရက ကြက်ဥနဲ့ ကြက်သားကို အချိန်မီ ကျယ်ကျယ်ပြန့်ပြန့် မတင်သွင်းနိုင်မှုကြောင့် ဖြစ်ပြီး သိပ်မကြာခင်မှာ အခြေအနေကို ပြုပြင်ပေးမယ်လို့ ကတိပြုသွားပါတယ်။ 

စီးပွားရေးဝန်ကြီးဌာနကတော့ ရုရှားနိုင်ငံကို ကြက်ဥ ၁ ဒသမ ၂ ဘီလီယံ တင်သွင်းရင် ၂၀၂၄ ခုနှစ် ပထမ ၆ လ အတွက် အခွန်ကင်းလွတ်ခွင့် ရရှိမှာဖြစ်ကြောင်း ဒီဇင်ဘာ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

အခုနှစ်မှာ ကြက်ဥဈေးနှုန်းတွေက ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပြီး တချို့ဆိုင်တွေမှာ ကြက်ဥရောင်းချစရာ ကုန်ပစ္စည်း အဝင်နည်းနေတာကြောင့် စျေးနှုန်းထိန်းပေးဖို့ ကူညီတဲ့အနေနဲ့ ခုလို ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။  ဒီအစီအမံကို ဇန်နဝါရီ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ ကျင့်သုံးမှာဖြစ်ပါတယ်။

မော်စကိုရှိ စူပါမားကတ်တချို့မှာ ကြက်ဥစင်တွေ အလွတ်ဖြစ်နေတာကို လွန်ခဲ့တဲ့ ရက်သတ္တပတ် ကပဲ မြင်တွေ့ခဲ့ရပါတယ်။  အွန်လိုင်းမှာတော့ ကြက်ဥတွေကို တွင်တွင်ကျယ်ကျယ် ရရှိနိုင်ပြီး ဆိုင်တွေ အားလုံးကိုတော့ မထိခိုက်ပါဘူး။ 

တချို့ဆိုင်တွေမှာလည်း လူ ၁ ဦးလျှင် ကြက်ဥ ၃ ကတ်သာ ရောင်းချပေးမယ်လို့ ကန့်သတ်ထားပါတယ်။ 

ဆိုင်တွေမှာ ကြက်ဥ လုံးဝ ပြတ်လပ်သွားတာမျိုးတော့ မဟုတ်ပေမဲ့ ကြက်ဥဈေးနှုန်းကတော့ ဆိုင်တွေမှာလည်း ဈေးနှုန်းတွေက အမျိုးမျိုး ဖြစ်နေတယ် လို့ ယယ်ကက်ထရင်ဘာ့ဂ် မြို့ခံတွေက ပြောကြပါတယ်။ 

ရုရှားဟာ ၂၀၂၂ ခုနှစ် ငွေကြေးဖောင်းပွမှု မြင့်မားနေပြီး ဂဏန်း ၂ လုံး ရာခိုင်နှုန်း မြင့်တက်လာမှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013