DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အတွက် ထိုင်းစစ်အစိုးရ ဒေါ်လာ ၂ သိန်း ကူညီ
DVB
·
August 21, 2014
ရခိုင်ပြည်နယ်အတွက် ထိုင်းစစ်အစိုးရ ဒေါ်လာ ၂ သိန်း ကူညီ
Donate to DVB

ရခိုင်ပြည်နယ်ထဲက လူမျိုးအုပ်စုချင်း အကြမ်းဖက်မှု ပဋိပက္ခတွေကို ဖြေရှင်းကိုင်တွယ်ဖို့ အတွက် ထိုင်းစစ်အစိုးရက မြန်မာကို အမေရိကန်ဒေါ်လာ ၂ သိန်း အကူညီငွေပေးအပ်လိုက်တယ်လို့ TNA ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

[caption id="attachment_41456" align="alignright" width="300"]ဒုက္ခသည်များ ဒုက္ခသည်များ[/caption]ဒီရန်ပုံငွေတွေဟာ ရခိုင်ပြည်နယ်မှာ ပြည်သူ့ကျန်းမာရေးစနစ်နဲ့ စိုက်ပျိုးရေးဖွံ့ဖြိုးမှု ပိုမိုတိုးတက်ကောင်းမွန်လာဖို့နဲ့ လူနေမှု အဆင့်အတန်း ပိုမြင့်လာအောင် သုံးစွဲမယ်လို့လည်း သတင်းက ဆိုပါတယ်။

ထိုင်းအာဏာသိမ်း ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အမျိုးသားကောင်စီ ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး သာနာဆတ်ခ် ပါတီမာပရာခွန်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးဝင်းမောင်ကို သြဂုတ် ၁၉ ရက်နေ့က အခမ်းအနားနဲ့ ပေးအပ်လိုက်တာပါ။

မြန်မာသံအမတ်ကြီးကတော့ ငွေကြေး အကူအညီပေးတဲ့အတွက်ရယ်၊ ရွှေ့ပြောင်း အလုပ်သမားတွေပေါ် မူဝါဒတွေနဲ့ မြန်မာထွက်ကုန်တွေ နယ်စပ်ကနေ တင်ပို့တဲ့ကိစ္စ ညှိနှိုင်းဆောင်ရွက်ပေးမှုတွေရယ်အတွက် ထိုင်းအစိုးရကို ကျေးဇူးတင်တဲ့အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013