Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းထွက်ရှိ
DVB
·
December 15, 2023
exam 15122023

၂၀၂၃-၂၄ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၄ ခုနှစ် မတ်လထဲမှာ ကျင်းပမယ့် အချိန်စာရင်းအား မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်လာတဲ့ အချိန်စာရင်းအရက တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်ကနေ ၁၉ ရက်အထိ ကျင်းပမှာဖြစ်ပြီး ဒီနှစ်စာမေးပွဲမှာ လူမှုရေးသိပ္ပံဆိုတဲ့ ဘာသာတွဲအသစ်တခု ပါဝင်လာတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ကယားပြည်ထဲမှာ စာစစ်ဌာနတချို့ ဖွင့်လှစ်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ကယားပြည်နယ်ထဲမှာ စာစစ်ဌာနတွေ ဖွင့်လှစ်နိုင်ဖို့ မသေချာဘူးလို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“လွိုင်ကော်မှာဖွင့်ဖို့တော့ စီစဉ်ထားတယ်။ ပြည်နယ်တခုလုံးမှာဖွင့်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး။” ဒါ့အပြင် လက်ရှိတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်၊ ကရင်ပြည်နယ်ဘက်က စာစစ်ဌာနကတွေကိုတော့ စာစစ်ဌာနတခုခြင်းစီ ဖွင့်လှစ်မှာမဟုတ်ဘဲ စာစစ်ဌာနတွေကို ပေါင်းပြီး ဖွင့်လှစ်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်စာမေးပွဲကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားကျောင်းသူ ၁ သိန်း ၈ သောင်းနီးပါး စာရင်းပေးသွင်းခဲ့ပြီး၊ ၁ သိန်း ၆ သောင်းကျော်ဝင်ရောက်ဖြေဆိုခဲ့ကာ ဒီနှစ်မှာတော့ ယခင်နှစ်ကထက် ပိုမိုများပြားနိုင်တယ်လို့ ပညာရေးဌာနက ခန့်မှန်းထားပါတယ်။

ဒီပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို  အေ၊ ဘေ၊ စီ ဆိုတဲ့အဆင့်နဲ့ အောင်စာရင်း ကြေညာမှာဖြစ်ပြီး အေအဆင့်နဲ့ ဘီအဆင့် ရရှိသူတွေသာ တက္ကသိုလ်တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ .

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024