DVB Logo
Home
မြန်မာသတင်း
ပဲခူးရေဘေးဒုက္ခသည်များကို အလှမယ်များ သွားရောက်ကူညီ
DVB
·
August 21, 2014
ပဲခူးရေဘေးဒုက္ခသည်များကို အလှမယ်များ သွားရောက်ကူညီ
1 / 5
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ထဲ ကရေဘေးဒဏ်ခံနေရပြီး အကူအညီမရဖြစ်နေတဲ့ ရွာတွေဆီကို အလှမယ်တွေနဲ့ အနုပညာရှင်တွေ ပူးပေါင်းပြီး စာနပ်ရိက္ခာအကူအညီတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ပဲခူးမြို့နယ်ထဲက အုန်းနဲ၊ ထန်းနဲ နဲ့ သာယာကုန်းရွာ ၃ ရွာက ရေဘေးဒုက္ခရောက်သူ တွေဆီကို အလှမယ်တွေဖြစ်တဲ့ ထားထက်ထက်၊ ခင်ဝင့်ဝါ နဲ့ အနုပညာရှင်တွေ စုမြတ်နိုးဦးနဲ့ မော်ဒယ်တချို့ အပါအ၀င်၊ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး စားနပ်ရိက္ခအကူအညီတွေ သွားရောက်ပေးအပ်ခဲ့တာလို့ အလှမယ် မထားထက်ထက်က ပြောပါတယ်။

“ကျမတို့ အနုပညာရှင်တွေလည်းပါတယ်။ online donation အဖွဲ့ကလည်း ပါတယ်။ နောက်ပြီး Ray of hope ဆိုတဲ့ ပရဟိတ အဖွဲ့လည်း ပါတယ်။ အဖွဲ့တွေအကုလုံးစပြီးလူပေါင်း ၇၀ လောက်နဲ့ သွားတာ။ ဘာတွေ သွားလှူလဲဆိုတော့ ဆန်အိတ်တွေ၊ အသင့်စားတဲ့ မုန့်တွေဖြစ်တဲ့ ခေါက်ဆွဲ ခြောက်၊ ကော်ဖီမစ်၊ ပေါင်မုန့်ခြောက်၊ ငါသေတ္တာဘူးတို့ ဓာတ်ဆားထုပ်နဲ့ ဆေးတွေ သွားလှူ ပေးပါတယ်။”

ပဲခူးမြို့နယ်မှာ သြဂုတ်လ ဆန်းပိုင်းကတည်းက ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး အခု သွားရောက် လှူဒါန်းနေတဲ့ရွာတွေမှာ ရေအကုန်မကျသေးဘဲဖြစ်နေတယ်လို့လည်း ထားထက် ထက်က ပြောပါတယ်။

“အခုကတော့ အရင်ထက်စာရင် ရေနည်းနည်းကျသွားပြီ၊ အဲလိုရေကျသွားတာတောင် ဘုန်းကြီးကျောင်းထဲမှာ ရေက ခြေသလုံးလောက်အထိ မြုပ်တယ်။ အပေါ်ထပ်မှာ နေနေကြရတယ်။ အဲလိုမျိုးပေါ့။ ပြီးတော့ ဘာတွေအခက်အခဲဖြစ်လဲဆိုတော့ ထမင်းဟင်းချက်စားရတာ အခက်အခဲ ဖြစ်တယ်။ စာသောက်ရတာအဆင်မပြေဘူး။ ကလေးတွေအတွက်လည်း ကျောင်းတွေ ပိတ်ထားရတယ်။ အလှူရှင်တွေက သူတို့အတွက် စားလို့ရတဲ့ ပစ္စည်းတွေ လှူတဲ့အခါကျတော့ သူတို့အတွက် အရမ်းအဆင်ပြေတယ်လို့ ပြောပါတယ်။”

အနုပညာရှင်တွေနဲ့ နာရေးကူညီမှုအသင်း ရန်ကုန်က အဖွဲ့သားတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပဲခူးမြို့က ရေဘေးဒုက္ခသည်တွေကို သွားရောက်ကူညီပေးမှုတွေ ရှိခဲ့ပါတယ်။

ပဲခူးမြို့နယ်မှာ ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်း ၁၈ ခု ဖွင့်လှစ်ထားခဲ့ရပြီး လူပေါင်း ၁ သောင်းကျော် ခိုလှုံခဲ့ကြပါတယ်။ ပဲခူးမြို့နယ်မှာ ရေကြီးမှုကြောင့် လယ်ဧက ၁ သောင်းကျော် နစ်မြုပ်ခဲ့ပြီး တော်တော်များများ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ဓာတ်ပုံ - ကောင်းထက်ကျော်
[gallery ids="62944,62945,62946,62947,62948"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013