DVB Logo
Home
မြန်မာသတင်း
ရွှေအသင်း၏ သတ်မှတ်ဈေးမြင့်တက်၊  ရွှေ ၁ ကျပ်သားကို ကျပ် ၃၇ သိန်းကျော်ရှိလာ 
DVB
·
December 14, 2023
ရွှေအသင်း၏ သတ်မှတ်ဈေးမြင့်တက်၊  ရွှေ ၁ ကျပ်သားကို ကျပ် ၃၇ သိန်းကျော်ရှိလာ 
Donate to DVB

စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်း မူဝါဒ ပြင်ဆင်သတ်မှတ်ပြီး  သီတင်းပတ် တစ်ပတ်ကျော်အတွင်း ရန်ကုန်ရွှေအသင်း YGEAရဲ့  ရွှေဈေးကွက်‌ဈေးနှုန်း သတ်မှတ်ချက်က ရွှေတစ်ကျပ်သားကို ကျပ် ၃၇ သိန်းကျော်ထိ  မြင့်တက် ရောက်ရှိလာပါတယ်။

YGEA ရဲ့  ရွှေဈေးကွက်‌ဈေးနှုန်း သတ်မှတ်ချက်က ဒီဇင်ဘာ ၁၃ ရက်အထိ ကျပ် ၃၅ သိန်းအထက်မှာပဲ ရှိခဲ့ရာက တစ်ရက်အတွင်း တစ်ကျပ်သားကို ကျပ် ၁၆၀၀၀၀ ကျော်မြင့်တက်လာပြီး  ကျပ် ၃၇ သိန်းကျော်ထိ ရောက်လာတာ တွေ့ရပါတယ်။

ရန်ကုန်မြို့က ဝါရင့် ရွှေလုပ်ငန်းရှင် တစ်ဦးက“ဘဏ်တွေအကြား online  trading နှုန်းနဲ့ တွက်တာဆိုတော့ ဈေးတက်သွားတဲ့ သဘောပါ။ ကမ္ဘာ့ရွှေဈေး ပြန်တက်လာတာကြောင့်လည်း ပါတယ်။ ဈေးတက်ပေမဲ့ အရောင်းအဝယ်ကတော့ အေးပါတယ်" လို့  ပြောပါတယ်။

ပြင်ပဈေးကွက်မှာလည်း အခေါက်ရွှေ တစ်ကျပ်သားကို  ဒီကနေ့ နေလယ်ပိုင်းက ကျပ် ၃၇၁၀၀၀၀ ဝန်းကျင်မှာ အရောင်းအဝယ် ပြုလုပ်နေကြတာဖြစ်လို့ YGEAရဲ့  သတ်မှတ်ဈေးနှုန်းနဲ့  ပြင်ပပေါက်ဈေးနဲ့ ကျပ် ၉၀၀၀ ဝန်းကျင်သာ  ကွာဟချက်ရှိလာပါတယ်။

တစ်အောင်စကို ဒေါ်လာ ၂၀၀၀ အောက်ထိ အကျရှိခဲ့တဲ့ ကမ္ဘာ့ ရွှေဈေးက  ဒီကနေ့မှာတော့ အမေရိကန်ဒေါ်လာ ၂၀၃၀ အထက်ကို ပြန်လည် မြင့်တက် ရောက်ရှိလာပြီး ငွေကြေးဈေးကွက်တမှာလည်း အမေရိကန်ဒေါ်လာတန်ဖိုးက တဒေါ်လာကို ကျပ် ၃၅၃၀ ကျပ်ထိ အရောင်းအဝယ် ဖြစ်နေပါတယ်။

နိုင်ငံခြားငွေလဲနှုန်း မူဝါဒမပြောင်းခင်  YGEA ရဲ့သတ်မှတ်‌ဈေး တစ်ကျပ်သား ကျပ် ၃၂ သိန်းကျော်ရှိပြီး၊ ပြင်ပဈေးကွက် ပေါက်ဈေးကတော့ ကျပ်  ၃၇၂၀၀၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ တန်ဖိုးကတော့  တဒေါ်လာကို ကျပ် ၃၄၀၀ အထက်မှာ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013