DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယ လွှတ်တော်ထဲ ဝင်ရောက်ပြီး လွှတ်တော်အမတ်များ၏ စားပွဲပေါ်  တက်ခဲ့သူ ဖမ်းဆီးခံရ
DVB
·
December 14, 2023
အိန္ဒိယ လွှတ်တော်ထဲ ဝင်ရောက်ပြီး လွှတ်တော်အမတ်များ၏ စားပွဲပေါ်  တက်ခဲ့သူ ဖမ်းဆီးခံရ
Donate to DVB

အိန္ဒိယအောက်လွှတ်တော်အစည်းအဝေးကျင်းပနေချိန်   ဒီဇင်ဘာ ၁၃ ရက်က လွှတ်တော်အမတ်တွေရဲ့ ဧရိယာထဲကို  အမျိုးသားတယောက်က ခုန်ဝင်ခဲ့လို့ ရဲကဖမ်းဆီးခဲ့ပါတယ်။ 

ဒါဟာ အိန္ဒိယလွှတ်တော်မှာ လူသေဆုံးတဲ့အထိ တိုက်ခိုက်ခံရတဲ့  ၂၂ နှစ် အကြာမှာ နောက်ထပ် အကြီးစား လုံခြုံရေး ကျိုးပေါက်မှုအဖြစ် အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။

ဒေသတွင်း ရုပ်သံလွှင့်ဌာန Sansad TV က ထုတ်လွှင့်တဲ့ ဗွီဒီယိုဖိုင်ထဲမှာ အနက်ရောင် ဂျာကင်အင်္ကျီ ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးဟာ ဧည့်သည်တွေအတွက် သတ်မှတ်ထားတဲ့ ဧရိယာကနေ လွှတ်တော်အမတ်တွေအတွက် ထိုင်ခုံနေရာဆီ ခုန်ဆင်းလာပြီး လွှတ်တော်အမတ်တွေရဲ့ စားပွဲတွေပေါ် တက်နေတာကို တွေ့ရပါတယ်။

ခုလိုဖြစ်ချိန်မှာ ဝန်ကြီးချုပ်နရင်ဒြာမိုဒီက လွှတ်တော်ထဲမှာ မရှိနေပါဘူး။ လုံခြုံရေး ဖောက်ဖျက်မှုအပြီး သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဒေသတွင်း မီဒီယာတွေက ပြောပါတယ်။

၂၀၀၁ ခုနှစ်က အိန္ဒိယနိုင်ငံ လွှတ်တော်အဆောက်အအုံကို တိုက်ခိုက်မှုအတွင်း သေနတ်သမား ၅ ဦးအပါအဝင် လူတဒါဇင်ကျော် သေဆုံးခဲ့ပြီး ပါကစ္စတန်အခြေစိုက် စစ်သွေးကြွတွေအပေါ် အိန္ဒိယအစိုးရက အပြစ်တင်ခဲ့ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013