DVB Logo
Home
Lead Story
ရုရှားအတိုက်အခံ နာဗယ်လ်ညီအတွက် စိုးရိမ်ကြောင်း အမေရိကန် ပြောကြားချက် ရုရှား လက်မခံ
DVB
·
December 14, 2023
ရုရှားအတိုက်အခံ နာဗယ်လ်ညီအတွက် စိုးရိမ်ကြောင်း အမေရိကန် ပြောကြားချက် ရုရှား လက်မခံ
Donate to DVB

ထောင်ကျခံနေရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်လ်ညီရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောခဲ့တဲ့ အမေရိကန်ရဲ့ မှတ်ချက်ဟာ ရုရှာ ပြည်တွင်းရေးကို လက်မခံနိုင်စရာ စွက်ဖက်မှုပဲလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ဒီဇင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။

ပြစ်ဒဏ်ကျခံရာ နေရာကနေ အမည်မဖော်တဲ့ နေရာဆီ အရွှေ့ခံရတဲ့ နာဗယ်ညီရဲ့ လက်ရှိ ရောက်နေတဲ့နေရာကို မသိဘူးလို့လည်း ကရင်မလင် ပြောခွင့်ရ ဒမစ်ထရီပဲ့စ်ကို့ဗ်က ပြောပါတယ်။

နာဗယ်လ်ညီကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောခွင့်ရ ဂျွန်ကာဘီက တနင်္လာနေ့မှာ ဆော်ဩခဲ့တာပါ။ သူဟာ စကတည်းက  ထောင်ချတာ ဘယ်တုန်းကမှ ခံသင့်တဲ့လူ မဟုတ်ဘူးလို့လည်း ကာဘီက ပြောပါတယ်။

ရုရှားအတိုက်အခံနိုင်ငံရေးသမား နာဗယ်လ်ညီဟာ မနှစ်က နှစ်လယ်ကတည်းက အကျဉ်းချခံထားရတဲ့ ပြစ်မှုဆိုင်ရာ အကျဉ်းစခန်းကနေ အရွှေ့ခံရပြီးတည်းက သူ လက်ရှိမှာ နေထိုင်ရာနေရာကို မသိရသေးဘူးလို့ နာဗယ်လ်ညီရဲ့ မဟာမိတ်တွေက ဒီဇင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။

အရင်ကျခံနေရတဲ့ ထောင်ဒဏ် ၁၁ နှစ်ခွဲကို ထပ်ပေါင်းပြီး နောက်ထပ် ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံရအပြီး ဩဂုတ်လမှာ သူ့ကို ရုရှားရဲ့ အပြင်းထန်ဆုံး ထောင်စနစ်နဲ့ အထူးအုပ်ချုပ်ရာ စစ်ထောင်ဆီကို အပြောင်းခံရမယ်လို့ မျှော်လင့်ထားပြီး နာဗယ်လ်ညီအတွက် သူ့မဟာမိတ်တွေက ပြင်ဆင်ထားခဲ့တာပါ။

အတိုက်အခံခေါင်းဆောင်ဟာ ထောင်သားတွေ ကြားမှာ မရှိတော့ဘူးလို့ မော်စကိုမြို့တော် အရှေ့ဘက် ၁၄၅ မိုင်အကွာက မီလျိုခါဗာမြို့က IK-6 ထောင်ထဲက ဝန်ထမ်းတယောက်က ထောင်အပြင်မှာ စောင့်နေတဲ့ နာဗယ်လ်ညီရဲ့ ရှေ့နေကို ပြောခဲ့တယ်လို့ နာဗယ်လ်ညီရဲ့ ပြောခွင့်ရ က ပြောပါတယ်။

သူ့ကို ဘယ်ခေါ်သွားခဲ့တယ်ဆိုတာ ပြောဖို့ ငြင်းခဲ့တယ်လို့ ရှေ့နေ့က လူမှုကွန်ယက် မီဒီယာ X မှာ ပြောခဲ့ပါတယ်။

နောက်ထပ် သမ္မတ သက်တမ်း ၆ နှစ်အတွက် ဝင်ပြိုင်မယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က သောကြာနေ့မှာ အတည်ပြု ပြောဆိုအပြီး သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်ချိန် စချိန်မှာ နာဗယ်လ်ညီ ပျောက်ဆုံးသွားတာလို့ ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြပါတယ်။

Source/Photo - Reuters

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013