DVB Logo
Home
ဘောလုံး
ခရစ္စတယ်ပဲလေ့စ် နည်းပြသစ်အဖြစ် ပီယဲဆေ့ဂ်ျကို ခန့်အပ်နိုင်ရန် နီးစပ်
DVB
·
June 13, 2026
Photo: REUTERS/Stephanie Lecocq
Photo: REUTERS/Stephanie Lecocq
Donate to DVB

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ နည်းပြသစ်အဖြစ် လန့်စ်အသင်းနည်းပြ ပီယဲဆေ့ဂ်ျကို ခန့်အပ်ဖို့ သဘောတူညီမှု ရလုနီးပါး ဖြစ်နေပါတယ်။ 

ပြီးခဲ့တဲ့ရာသီကုန်မှာ အိုလီဗာ ဂလက်စ်နာ ထွက်ခွာသွားပြီးနောက် ပဲလေ့စ်တို့ နည်းပြသစ် ရှာဖွေနေတာပါ။ 

အခုဆိုရင် ပဲလေ့စ်ဟာ ဆေ့ဂ်ျကို ခေါ်ယူဖို့ ငွေကြေးကိစ္စတွေ အပြီးသတ်နေတာ ဖြစ်ပါတယ်။ 

အသက် ၄၇ နှစ် ရှိပြီဖြစ်တဲ့ ပြင်သစ်နည်းပြ ဆေ့ဂ်ျဟာ လန့်စ်အသင်းကို လွန်ခဲ့တဲ့ ၁၂ လကမှ ရောက်ရှိခဲ့တာပါ။ 

သူဟာ လန့်စ်ကို လီဂူးဝမ်းမှာ ဒုတိယနေရာရအောင် စွမ်းဆောင်ပေးခဲ့ပြီး အသင်းသမိုင်းတလျှောက် ပထမဆုံး ပြင်သစ်ဖလားကိုလည်း ရယူပေးခဲ့ပါတယ်။ 

ပဲလေ့စ်ပရိသတ်တွေကတော့ ဆေ့ဂ်ျရဲ့ ဘောလုံးကစားဟန်ကို သဘောကျကြပါတယ်။ 

သူ့ရဲ့ အင်္ဂလိပ်စကားပြောစွမ်းရည်ကလည်း ကောင်းမွန်တာကြောင့် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013