DVB Logo
Home
နိုင်ငံတကာ
စလိုဗက်ကီးယားဝန်ကြီးချုပ်ကို ပြည်သူများ ဆန္ဒပြ
DVB
·
December 13, 2023
စလိုဗက်ကီးယားဝန်ကြီးချုပ်ကို ပြည်သူများ ဆန္ဒပြ
Donate to DVB

စလိုဗက်ကီးယားနိုင်ငံမှာ အကျင့်ပျက်ခြစားမှုဆိုင်ရာ အထူးအစိုးရရှေ့နေရုံးကို ဖျက်သိမ်းတာ အပါအ၀င် ရာဇ၀တ်မှုဆိုင်ရာဥပဒေတွေကို မြန်မြန်ဆန်ဆန် အပြောင်းအလဲလုပ်နေတဲ့ ဝန်ကြီးချုပ် ရောဘတ်ဖှီကိုရဲ့ အစီအစဉ်တွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဒီဇင်ဘာ ၁၂ ရက်က နိုင်ငံတဝန်း ပြည်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။

စလိုဗက်မြို့တော် ဘရတူဆလားဗာမှာ ဆန္ဒပြသူတွေဟာ အစိုးရအဆောက်အအုံတွေအနီးရှိ လွတ်လပ်ရေးရင်ပြင်မှာ စုဝေးခဲ့ကြပြီးတာ့ စလိုဗက်အလံတွေနဲ့ ဥရောပသမဂ္ဂအလံတွေကို ဝှေ့ယမ်းကြရင်း အောက်တိုဘာလတုန်းက ခန့်အပ်ထားတဲ့ အစိုးရက အပြောင်းအလဲတွေလုပ်ဖို့ ကြိုးပမ်းနေတာတွေကိုလည်း “ဖှီကို တော်လောက်ပြီ” လို့ ကြွေးကြော်အော်ဟစ်ရင်း ဆန့်ကျင် ကန့်ကွက်နေကြပါတယ်။

ဆန္ဒပြသူ ဂျန်ကာက“ဒီနိုင်ငံကို ဦးဆောင်ပြီး အာဏာရလာအောင် လုပ်ပေးနိုင်တဲ့ ပြည်သူတွေ အလုံအလောက် ရှိနေလို့ … ဖှီကို ထွက်သွားလိုက်တော့” လို့ ပြောပါတယ်။  

“အိမ်မှာပဲ ထိုင်နေရင် အစိုးရ လုပ်သမျှ လက်ခံနေရမှာမို့လို့ အပြောင်းအလဲ ဖြစ်အောင်လို့ ဆန္ဒထွက်ပြတာ” လို့ ဆန္ဒပြသူတဦးက ဆိုပါတယ်။ 

သံတမန်နဲ့ နိုင်ငံရေးသမား မဂ်ဒါဗာဆာရ်ယိုဗာက“ဒီရင်ပြင်မှာ စတင်လိုက်တဲ့ တိုက်ပွဲက ဆလိုဗက်ကီးယားသမိုင်းရဲ့ ဘယ်ဘက်ခြမ်းမှာ ရပ်တည်မလဲဆိုတဲ့ ရုန်းကန်မှုတိုက်ပွဲပါ”လို့ ပြောပါတယ်။

ဖှီကိုရဲ့ အစိုးရဟာ အကျင့်ပျက် ခြစားမှုတွေနဲ့ ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို တိုက်ဖျက်ဖို့ နှစ် ၂၀ ကျော်လောက် တည်ရှိလာတဲ့ အထူးအစိုးရရှေ့နေရုံး (USP) ကို အစောဆုံး ဇန်နဝါရီလမှာ ဖျက်သိမ်းပစ်မယ့် အစီအစဉ်ကို ခရစ္စမတ်ကာလမှာ ဥပဒေပြုဖို့ ရည်မှန်းထားတာပါ။ 

စလိုဗက်သမ္မတ ဇူဇာနာကာပူတိုဗာကတော့ အခု အဆိုပြုထားတဲ့ အပြောင်းအလဲတွေမှာ ကိုယ်ကျိုးကိစ္စတွေနဲ့ ရောယှက်နေတဲ့ လက်မခံနိုင်စရာ နိုင်ငံရေးအရ စွက်ဖက်မှုတွေ ပါဝင်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် သူတို့ဟာ သတင်းပေး အကြောင်းကြားသူတွေကို အားနည်းသွားအောင် ခြိမ်းခြောက်ခဲ့ပြီး ဥရောပသမဂ္ဂ ရန်ပုံငွေတွေ စီးဆင်းဝင်ရောက်မှုကို ရပ်တန့်သွားအောင် လုပ်နေတယ်လို့လည်း ပြောပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013