DVB Logo
Home
မြန်မာသတင်း
အီဘိုလာရောဂါ သံသယရှိသူ ငှက်ဖျားရောဂါဖြစ်ကြောင်း မြန်မာအစိုးရပြော
DVB
·
August 21, 2014
အီဘိုလာရောဂါ သံသယရှိသူ ငှက်ဖျားရောဂါဖြစ်ကြောင်း မြန်မာအစိုးရပြော
Donate to DVB

ထိုင်းနိုင်ငံမှာ တထောက်နားပြီး မြန်မာနိုင်ငံထဲကို ပြန်ဝင်လာတဲ့ အီဘိုလာရောဂါ ရှိ၊ မရှိ စစ်ဆေးနေဆဲ မြန်မာအမျိုးသားမှာ ငှက်ဖျားရောဂါ ရှိနေတယ်လို့ မြန်မာအစိုးရက ထိုင်းနိုင်ငံဘက်ကို အကြောင်းကြားလိုက်ပါတယ်။

Myanmar CDC Ebolaဒီအမျိုးသားဟာ အာဖရိကန်နိုင်ငံတနိုင်ဖြစ်တဲ့ ဂီနီနိုင်ငံကနေ ပြန်လာခဲ့တာဖြစ်ပြီး သူဟာ တထောက်နား ခရီးသည် ဖြစ်တာကြောင့် ဆူဝါနဖုမ် (သုဝဏ္ဏဘူမိ) လေဆိပ်က ရောဂါစောင့်ကြည့်ရေးဌာနကို မဖြတ်သန်းခဲ့ဘူးလို့ ထိုင်းနိုင်ငံ ရောဂါကာကွယ်ရေးဌာန ဒုညွှန်ချုပ် ဒေါက်တာ အိုကာ့တ် ကန်က၀င်ပွန်က သြဂုတ်လ ၂၀ ရက်နေ့က ပြောပါတယ်။

အဲဒီအမျိုးသားဟာ မြေထဲပင်လယ်ဒေသ မောရိုကိုနိုင်ငံနဲ့ ယူအေအီးနိုင်ငံ အဘူဒါဘီ မြို့တွေကိုလည်း ၀င်လည်ခဲ့ပါသေးတယ်။ ရန်ကုန်လေဆိပ်ရောက်ချိန်မှာ အဖျားပြင်းထန်နေတဲ့ အဲဒီအမျိုးသားကို ရောဂါစစ်ဆေးဖို့အတွက် ဆေးရုံကို တန်းပို့လိုက်တာပါ။

အဲဒီအမျိုးသားရဲ့ ကျန်းမာရေးကိစ္စဟာ ကောလဟလတွေ ပျံ့နေပေမယ့် သူ့ကိုတော့ အဲဒီအမျိုးသားမှာ အီဘိုလာရောဂါ မဟုတ်ပဲ ငှက်ဖျားရောဂါ ရှိနေတယ်လို့ အကြောင်းကြား လာတယ်လို့ ဒေါက်တာ အိုကာ့တ်က ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013