
ဆင်းရဲနွမ်းပါးသူများနဲ့ အိုးအိမ်မဲ့သူတွေ နေထိုင်နိုင်အောင် သက်သာတဲ့ဈေးနှုန်းနဲ့ အိမ်ရာ တည်ဆောက်ပေးတာကို ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာသာ ဦးစားပေးတည်ဆောက်တာမျိုး မလုပ်ဘဲ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနဲ့ စစ်တွေစတဲ့ မြို့တွေမှာပါ တည်ဆောက်ပေးဖို့ သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
သြဂုတ် ၂၀ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ ပထမအကြိမ် ပြုလုပ်တဲ့ ၄ လပတ် အစည်းအဝေးမှာ သမ္မတက ခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
သမ္မတရဲ့ ၄ လပတ် အစည်းအဝေးမိန့်ခွန်းမှာ သူ့အစိုးရအဖွဲ့အနေနဲ့ နိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဖို့ အချိန် ၁ နှစ်ကျော်ပဲ ရှိတော့တယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။











