DVB Logo
Home
နိုင်ငံတကာ
မင်းသား တင်မိုသီရှဲလမက်ထ် ပါဝင်သည့် ဂီတဇာတ်မြူး ရုပ်ရှင် Wonka မိတ်ဆက်ပြသ
DVB
·
December 12, 2023
မင်းသား တင်မိုသီရှဲလမက်ထ် ပါဝင်သည့် ဂီတဇာတ်မြူး ရုပ်ရှင် Wonka မိတ်ဆက်ပြသ
Donate to DVB

ရုံမတင်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ ဂီတဇာတ်မြူးရုပ်ရှင် Wonka ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်က အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့မှာ အထူးပွဲ ပြသခဲ့ပါတယ်။

ဒီပွဲကိုတော့ Wonka ရုပ်ရှင်ကားရဲ့ အဓိက ဇာတ်ကောင် Willy Wonka နေရာမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသား တင်မိုသီရှဲလမက်ထ်နဲ့အတူ ဒါရိုက်တာ၊ သရုပ်ဆောင်တွေ စုံစုံညီညီ တက်ရောက်ခဲ့ကြတာပါ။

Warner Bros. Pictures ကနေ တင်ဆက်လိုက်တဲ့ ဒီကားကိုတော့ လွန်ခဲ့တဲ့ ၂၀၀၄ ခု နှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ဘီဘီစီကနေ ထုတ်လွှင့်ခဲ့တဲ့ The Mighty Boosh ရုပ်သံစီးရီးစ်နဲ့ နာမည်ကြီးတဲ့ ဗြိတိန် ရုပ်ရှင်ဒါရိုက်တာ ပေါလ်ကင်းက ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Warner Bros. ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ဂီတဇာတ်မြူးရုပ်ရှင်အနေနဲ့ ဖန်တီးထားတဲ့ ဒီကားထဲ မှာတော့ တင်မိုသီရှဲလမက်ထ်နဲ့အတူ ကာလာလိန်း၊ ကီဂန်မိုက်ကယ်လ်ကီး၊ မက်ထ်လူးကပ်စ်၊ ဆယ်လီဟော့ကင်းစ်၊ ရိုဝမ်အက်ကင်ဆန်၊ ဟျူးဂျ်ဂရန့်စတဲ့ သရုပ်ဆောင် ပေါင်းများစွာ ပါဝင်ထားကြတာပါ။

ဒါ့အပြင် ဒီကားရဲ့ အဓိက ဇာတ်ဆောင်မင်းသား တင်မိုသီရှဲလမက်ထ်ဟာ ၈၁ ကြိမ် မြောက် ရွှေကမ္ဘာလုံးဆု ဂီတဇာတ်မြူးရုပ်ရှင်ကား ဆန်ကာတင်စာရင်းမှာ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုစာရင်းထဲ ပါဝင်နေတာပါ။

ဘတ်ဂျက်အမေရိကန်ဒေါ်လာ ၁၂၅ သန်း အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီကားဟာ IMDb မှာလည်း Rating 7.5 အထိ ရရှိထားပြီး လတ်တလောမှာတော့ Box Office မှာ ရုံတင်ဝင်ငွေ ၄၃ ဒသမ ၂ သန်းထိ ရရှိထားပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013