DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဖွင့်သည့် တက္ကသိုလ်များကို မတက်ဘဲ ကျောင်းသားအများအပြား CDM ဆက်လုပ်နေ 
DVB
·
December 12, 2023
စစ်ကောင်စီဖွင့်သည့် တက္ကသိုလ်များကို မတက်ဘဲ ကျောင်းသားအများအပြား CDM ဆက်လုပ်နေ 
Donate to DVB

၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ကျောင်းသားအရေအတွက်ရဲ့  ၅၀ ရာခိုင်နှုန်းကျော်က  စစ်ကောင်စီကဖွင့်တဲ့ တက္ကသိုလ်တွေမှာ မတက်ဘဲ  စစ်ကျွန်ပညာရေးဆန့်ကျင် CDM လုပ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ် အာဏာမသိမ်းခင်က နေ့ကျောင်းသားနဲ့ အဝေးသင်ကျောင်းသားအားလုံး  ၂၆၀၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် ကျောင်းတွေပိတ်ထားခဲ့ရပါတယ်။

ကျောင်းသားတွေရဲ့  ၅ ပုံ ပုံ တစ်ပုံလောက်ကသာ ၂၀၂၃ ခုနှစ်မှာ ကျောင်းတက်နေကြတာဖြစ်လို့ ၅၀ ရာခိုင်နှုန်းနဲ့ အထက်ရှိတဲ့ တက္ကသိုလ် ကျောင်းသားတွေက CDM လုပ်ထားဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

NUG ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက “ကျနော်တို့ CDM လုပ်ထားတဲ့ ကျောင်းသားအရေအတွက်ကတော့ အခုလက်ရှိအချိန်ထိကတော့ ၅၀ ရာခိုင်နှုန်းကျော်လို့ပဲ ပြောနိုင်မှာပေါ့။ ၂၀၂၀ မှာ တက္ကသိုလ်ဝင်ခွင့်ပြုခဲ့တဲ့ ကျောင်းသားအရေအတွက်က နယ်ပယ်အကုန်ပေါ့နော် ဝင်ခွင့်ပြုခဲ့တဲ့အရေအတွက်က ကျနော်မှာရှိတဲ့ စာရင်းအရ ဆိုရင် ၂၆၀၀၀၀ ကျော်ပေါ့နော်။ အဲဒီထဲမှာ နေ့ကျောင်းသားအနေနဲ့က ၉၇၀၀၀ ကျော်။ အဝေးသင်ကျောင်းသားက ၁၆၃၁၂၁ ယောက် ကျနော်မှာကိန်းဂဏန်းရှိ  ပါတယ်၊ အခု ၂၀၂၃ မှာ သူတို့ကြေညာထားတာကျောင်းပေါင်း ၆၀ ဗျ။ ကျောင်းသား ၂၈၅၃၀ပေါ့ အဲတာက ဆေးတွေ ဘာတွေပါ အပါအဝင်ပါ”လို့ပြောပါတယ်။

စစ်ကောင်စီ ကြေညာထားတဲ့  ကျောင်း ၆၀ ကျော်က  ကျောင်းသား ၂၈၀၀၀ ကျော်ထဲမှာ TU CT က ကျောင်းသားအပါ အားလုံးပေါင်း ၅၀၀၀၀ ကျော်လောက်သာ ကျောင်းပြန်တတ်နေတာဖြစ်လို့ အာဏာမသိမ်းခင်က ကျောင်းသားဦးရေရဲ့ ၈၀ ရာခိုင်နှုန်းနဲ့ အထက်က CDM လုပ်ထားဆဲဖြစ်ပါတယ်။

NUG ပညာရေးဝန်ကြီးဌာနရဲ့ ကြားကာလတက္ကသိုလ်ပညာရေးကို ၂၀၂၂ မှ စတင်ပြင်ဆင်ခဲ့ပြီး ၂၀၂၃ မှာ အကောင်အထည်ဖော်နိုင်ပြီဖြစ်လို့ တက္ကသိုလ် ပထမနှစ်အတန်းတွေကို ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်တယ်လို့ NUG ရဲ့  ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးက ပြောပါတယ်။

“1st year ကနေစပြီး သင်တန်းတွေဖွင့်ဖို့ဆိုပြီး ပြင်ခဲ့တာအခုဆိုရင်တော့  ကျောင်း ၁၆ ကျောင်းပေါ့၊ ကျောင်း ၁၆ က သင်တန်းကို ဖွင့်ဖို့ သဘောတူတယ်။ ဒီထဲမှာ ထူးခြားချက်အနေနဲ့ကတော့ မြန်မာ့နွေဦးတက္ကသိုလ်လို ကျောင်းမျိုးရှိတယ်။ ဒီကျောင်းတွေထဲမှာတော့ သူ့မှာ ပေါင်းစပ်ပါဝင်နေတဲ့ ကျောင်းပေါင်းက ၆၀ လောက်ရှိတယ်။ အပြည့်အဝ ပူးပေါင်းတာရော ပုံမှန်အနေထားမျိုးပူးပေါင်းတာရောဆို ၆၀ လောက်ရှိတယ်။ နောက်တစ်ကျောင်းကတော့ ဝန်ဇင်းတက္ကသိုလ်လိုဟာမျိုး ဒါလည်း တက္ကသိုလ်ကောင်စီပေါင်း ၆ ခုလောက်ကစုပေါင်းထားတာပေါ့။ တခြားပညာရေးတက္ကသိုလ်တွေလည်း ပေါင်းစုပြီး ဖွင့်ထားတာရှိပါတယ်။ ထူးခြားချက် အနေနဲ့ကတော့ အမှတ်စာရင်းနဲ့ ခေါ်တာမျိုး မဟုတ်တော့ဘူး ဆေးကျောင်းဆိုလည်း ဘယ်ဘာသာသည် အနိမ့်ဆုံး အမှတ် ဘယ်လောက်ရှိရမယ် ဆိုတဲ့အနိမ့်ဆုံးပေါ့။ သူ့ကျောင်းတွေရဲ့ ဝင်ခွင့် ဒါမျိုးတော့ရှိမှာပေါ့။ ဒါကလည်း နိုင်ငံတကာက ကျင့်သုံးနေတဲ့ process ပါပဲ။ ဒီအဆင့်ကို ကျော်သွားလိုက်တာနဲ့ ကျောင်းသူ ကျောင်းသားတွေက လွတ်လွတ်လပ်လပ် ပညာသင်ကြားနိုင်မှာဖြစ်တယ်။”

NUG လက်အောက်က  တက္ကသိုလ် ၁၆ ခုမှာ ဝိဇ္ဇာသိပ္ပံ ကျောင်းတွေ အပါအဝင် နည်းပညာ၊ ဆေး၊ သွား/ဆေးနဲ့ သူနာပြု၊ ပညာရေး စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

NUG လက်အောက်က ဖွင့်လှစ်သင်ကြားပေးနေတဲ့ Certificate ရ ကာလတိုသင်တန်းတွေ သက်မွေးကျောင်းတွေနဲ့ ဘာသာရပ်ဆိုင်ရာ သင်တန်းတွေမှာ တက်ရောက်ပညာသင်ယူနေတဲ့ ကျောင်းသားပေါင်း ၅၇၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

တော်လှန်ရေးကာလမှာ တတ်မြောက်ပြီးစီးထားတဲ့ အသိအမှတ်ပြုလက်မှတ်တွေက ပြည်တွင်းကုမ္ပဏီနဲ့ ပြည်ပနိုင်ငံတွေမှာပါ အလုပ်အကိုင်ရရှိဖို့ အာမခံချက်ရှိဖို့ လိုတယ်လို့ အဆင့်မြင့်ပညာရေးရုံးရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“Better feature better way ဆိုတဲ့အတိုင်း ပိုကောင်းတဲ့နိုင်ငံ ပိုကောင်းတဲ့ အနာဂတ်အတွက် တိုက်နေကြတာမလား။ နိုင်ငံတကာနဲ့ ချိတ်ဆက်မှုပေါ့ ကျမတို့ကလေးတွေကို၊ တော်လှန်ရေးက ဘယ်လောက်ထိ ရှည်ကြာမလဲ မသိဘူးပေါ့။ ဒီကြားထဲမှာ ကျမတို့က ကလေးတွေရဲ့ လက်မှတ်ပေါ့  ကျမတို့က တက္ကသိုလ်ပညာရေးဆိုတော့ အလုပ်နဲ့ ချိတ်ဆက်တာပေါ့ အလုပ်ကို အာမခံချက်ပေးနိုင်တဲ့ လက်မှတ်တွေ လိုတယ်ပေါ့။ နောက်တခုက ကျမတို့ ဆရာ ဆရာမတွေ resource တွေ ရှာတဲ့အခါမှာပြောရမယ်ဆို resource က အရမ်း limited ဖြစ်တယ်။ အဲတော့ သူတို့ နိုင်ငံခြားတက္ကသိုလ်တွေကအွန်လိုင်း facilities တွေ sharing လုပ်နိုင်မယ်ဆိုရင် ဒီတက္ကသိုလ်တွေနဲ့ ပူးပေါင်းမှုတွေ များများလုပ်နိုင်မယ်ဆိုရင် ကျမတို့ကလေးတွေက ပြည်တွင်းမှာလည်း အလုပ်ကိုင်ရမယ်။ ဒါ့အပြင် နိုင်ငံတကာမှာလည်း ကျမတို့ကလေးတွေ အလုပ်အကိုင်ရမယ်ပေါ့။”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့  အခုနှစ် ကျောင်းအပ်တဲ့ တက္ကသိုလ်ကျောင်းသား ဦးရေက အရင်နှစ်တွေကထက် ပိုများလာတယ်လို့ ပြောဆိုထားပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ပညာရေးဝန်ထမ်း ဆရာ ဆရာမ ၂ သိန်းလောက်က  အာဏာဖီဆန် CDM လုပ်ခဲ့ပြီး  တနိုင်ငံလုံးက အခြေခံနဲ့ အဆင့်မြင့်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အခုချိန်ထိ စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေမှာ မတက်ရောက်ဘဲ တော်လှန်နေဆဲဖြစ်တယ်လို့ NUG အချက်အလက်တွေအရရဲ့ သိရပါတယ်။

 ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013