DVB Logo
Home
ရွေးကောက်ပွဲ
အန်အယ်လ်ဒီ ကြားဖြတ်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းစာရင်း တောင်းခံ
DVB
·
August 21, 2014
အန်အယ်လ်ဒီ ကြားဖြတ်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းစာရင်း တောင်းခံ
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး အဖွဲ့ချုပ်ဗဟိုကို ပေးဖို့ကြဖို့ မြို့နယ်ပါတီတွေထံ စာနဲ့ အကြောင်းကြား ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

[caption id="attachment_62914" align="alignright" width="200"]၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ မဲဆွယ်စည်းရုံးနေစဉ် (မတ်လ ၂၀၁၂) ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ မဲဆွယ်စည်းရုံးနေစဉ် (မတ်လ ၂၀၁၂)[/caption]မြို့နယ်အဖွဲ့ချုပ်က တင်ပြလာတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြင်ပပညာရှင်တွေ ပါဝင်တဲ့ ဘုတ်အဖွဲ့က စိစစ်ပြီး အပြီးသတ်ကိုယ်စားလှယ်လောင်းကိုတော့ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ကပဲ ရွေးချယ်သွားမယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

အဖွဲ့ချုပ်ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာတိုင်း ၀င်ပြိုင်ဖို့ ရှိပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီတွေ အဆင့်ဆင့်ဖွဲ့စည်း လုပ်ဆောင်နေပါတယ်။

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလကုန် ဒါမှမဟုတ် ဒီဇင်ဘာလဆန်းမှာ ကျင်းပဖို့ ရှိပြီး လစ်လပ်နေရာပေါင်း ၃၄ နေရာ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013