DVB Logo
Home
နိုင်ငံတကာ
အစိုးရဆန့်ကျင်သူ ကျူးဘားနိုင်ငံသား ၃ ဦး ထောင်ဒဏ် နှစ် ၃၀ ကျခံရဖွယ်ရှိ
DVB
·
December 12, 2023
အစိုးရဆန့်ကျင်သူ ကျူးဘားနိုင်ငံသား ၃ ဦး ထောင်ဒဏ် နှစ် ၃၀ ကျခံရဖွယ်ရှိ
1 / 2
Donate to DVB

ကျူးဘားနိုင်ငံသား သုံးယောက်ဟာ အစိုးရဆန့်ကျင်ရေးဝါဒဖြန့်မှုနဲ့ အကြမ်းဖက်မှုတွေအတွက် ထောင်ဒဏ်အနှစ် ၃၀ အထိ ရင်ဆိုင်နေရတယ်လို့ နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။

ကျူးဘားအစိုးရကို မတည်မငြိမ်ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်တဲ့ တိုက်ခိုက်မှုတွေအတွက် ကျူးဘား နိုင်ငံပြင်ပကနေ ရန်ပုံငွေထောက်ပံ့ထားတာလို့လည်း အာဏာပိုင်တွေက စွပ်စွဲခဲ့ပါတယ်။

ဟာဗားနားမြို့လယ်က ဗဟိုတရားရုံး တခုအတွက် အမှုတွဲတွေ ထားရှိရာ အဆောက်အအုံ တခုကို ဓာတ်ဆီပုလင်းဗုံးတွေနဲ့ ပစ်ပေါက်တယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသား တယောက်နဲ့ အမျိုးသမီး နှစ်ယောက်တို့အတွက် ထောင်ဒဏ် အနှစ် ၂၀ ကနေ ၃၀ ကြား ချမှတ်ဖို့ အစိုးရရှေ့နေတွေက ကြိုးပမ်းနေတယ်လို့ ဒီဇင်ဘာ ၁၀ ရက်မှာ သတင်းတွေက ဖော်ပြထားပါတယ်။

အစိုးရကို ပံ့ပိုးကူညီဖို့ တာဝန်ပေးထားတဲ့ ရပ်ကွက်ပိတ်ဆို့ကော်မတီ CDRs တွေအတွက် ဟာဗားနားခရိုင်ဌာနချုပ်ကိုလည်း အဆိုပါ ကျူးလွန်သူ သုံးယောက်က တိုက်ခိုက်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

တိုက်ခိုက်တာတွေကို လုပ်ဖို့နဲ့  ရန်သူအတွက် ဝါဒဖြန့်ဖို့ နိုင်ငံပြင်ပက အုပ်စုတွေဆီက ဆဲလ်ဖုန်း ငွေဖြည့်တာနဲ့ အမေရိကန်ဒေါ်လာ ၃၇ ဒေါ်လာနဲ့ ညီမျှတဲ့ ပီဆိုငွေ ၁၀,၀၀၀ တို့ကို လက်ခံရရှိ ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အကြမ်းဖက်ဝါဒနဲ့ ဆက်နွှယ်တဲ့ ရာဇ၀တ်မှုတွေဟာ ကျူးဘားမှာ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရလေ့ ရှိတာပါ။

ထောင်ဒဏ် အနှစ် ၃၀ ကနေ တသက်တကျွန်း ဒါမှမဟုတ် သေဒဏ်အထိ ချမှတ်နိုင်တယ်လို့ ကျူးဘားအာဏာပိုင်တွေက သတင်းကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013