DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏ နှုံးဘူးဗျူဟာကုန်းကို အေအေ သိမ်းပိုက် 
DVB
·
December 12, 2023
စစ်ကောင်စီ၏ နှုံးဘူးဗျူဟာကုန်းကို အေအေ သိမ်းပိုက် 
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီရဲ့ နှုံးဘူးဗျူဟာကုန်းကို ထိုးစစ်ဆင်ပြီး ၂၇ ရက် အ ကြာမှာ ရက္ခိုင့်တပ်တော်(အေအေ)က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၁၁ ရက်မှာ ကြေညာလိုက်ပါတယ်။

အခုသိမ်းပိုက်နိုင်ခဲ့တဲ့ နှုံးဘူးဗျူဟာကုန်းနဲ့ တရွန်အိုင်ဗျူဟာ ကုန်းစခန်းနှစ်ခုစလုံးကို အေအေတပ်က နိုဝင်ဘာ ၁၄ ရက်မနက်ပိုင်းကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တရွန်အိုင်ဗျူဟာကုန်းကိုထိုးစစ်ဆင်ပြီး  ၂၁ ရက်အကြာ၊ ဒီဇင်ဘာ ၄ ရက်မှာ သိမ်းပိုက်နိုင်ခဲ့သလို ကျန်ရှိနေတဲ့ နှုံးဘူးဗျူဟာကုန်းကိုလည်း ထိုးစစ်ဆင်ပြီး ၂၇ ရက်အကြာ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းမှာ သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ရက္ခိုင့်တပ်တော်ဟာ အဲဒီဗျူဟာကုန်း နှဏ်ခုလုံးကို တစ်ရက်မှ ရပ်နားခဲ့ခြင်းမရှိဘဲ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူအမြောက်အမြားနဲ့ အပြင်းအထန် ခုခံခဲ့တယ်လို့  အေအေရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုသိမ်းပိုက် ရရှိခဲ့တဲ့ "နှုံးဘူး"ဗျူဟာရဲ့ ဗျူဟာမှူး အလောင်းအပါအဝင် ရန်သူ့အလောင်းတချို့၊ လက်နက်ခဲယမ်းအမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

အေအေက သိမ်းပိုက်နိုင်ခဲ့တဲ့ ဗျူဟာကုန်နှစ်ခုဟာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ သုံးနိုင်ငံ နယ်စပ်မှာရှိပြီး အိန္ဒိယ-မြန်မာ ဆောင်ရွက်နေတဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်းရဲ့ အဓိကနေရာတွေလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက အဲဒီဗျူဟာကုန်း နှစ်ခု ဆုံးရှုံးရပြီးနောက် ပလက်ဝမြို့ကို လုံးဝ ပိတ်ဆို့ထားလိုက်ပြီလို့  ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။

"နှုံးဘူးဗျူဟာ ကျသွားတာနဲ့ စစ်ကောင်စီက မြို့အဝင်အထွက်ကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ ထားတယ်။ မြို့အနီး အခြေစိုက်ထားတဲ့ ခမရ(၂၈၉) တပ်ရင်းကို တိုက်ခိုက်လာမှာ စိုးရိမ်နေကြပုံရတယ်။ အခုသိမ်းပိုက်ခံလိုက်ရတဲ့ဗျူဟာတွေက ကုလားတန်စီမံကိန်း အဓိက ဖြတ်သွားရမယ့် နေရာတွေဖြစ်တယ်။”

ရက္ခိုင့်တပ်တော်ပါဝင်တဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့အကြား တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ တရုတ်နိုင်ငံမှာ နိုင်ငံရေးဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။

ဆွေးနွေးမှုရှိနေပေမဲ့ ရခိုင်ပြည်နယ်မှာ ဒီဇင်ဘာလ ၁၁ ရက် ညနေပိုင်းအထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြဆဲဖြစ်ပါတယ်။ ဒါ့အပြင် ပေါက်တောမြို့တွင်းနဲ့ အမ်းမြို့နယ် ကဇူးကိုင်း ​ကျေးရွာအနီးမှာလည်း ဒီဇင်ဘာ ၁၁ ရက်က တိုက်ပွဲဖြစ်ခဲ့ပါတယ်။

တရွန်အိုင်နဲ့ နှုံးဘူး ဗျူဟာကုန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုကြောင့် တရွန်အိုင်ကျေးရွာနဲ့ အထက်မီးဇာကျေးရွာမှာ  သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာ ရရှိသူ ၁၃ ဦးထက်မနည်းရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ပလက်ဝမြို့ကို စစ်ကောင်စီက ပိတ်ဆို့ထားတဲ့အတွက် ဒေသခံတွေ စားနပ်ရိက္ခာပြတ်တောက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013