DVB Logo
Home
နိုင်ငံတကာ
ကတ်ရှ်မီးယားအရေး အိန္ဒိယတရားရုံး၏ဆုံးဖြတ်ချက်ကို ပါကစ္စတန်ပယ်ချ
DVB
·
December 12, 2023
ကတ်ရှ်မီးယားအရေး အိန္ဒိယတရားရုံး၏ဆုံးဖြတ်ချက်ကို ပါကစ္စတန်ပယ်ချ
Donate to DVB

ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်အတွက် အထူးအခြေအနေနဲ့ ပတ်သက်ပြီး အိန္ဒိယတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပါကစ္စတန်အိမ်စောင့်အစိုးရက ဒီဇင်ဘာ ၁၁ ရက်မှာ ပယ်ချခဲ့ပါတယ်။

အစောပိုင်းမှာ အိန္ဒိယတရားရုံးချုပ်က ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်အတွက် အထူးအဆင့်အတန်းကို ရုပ်သိမ်းဖို့ ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့  ၂၀၁၉ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး အဲ့ဒီနေရာမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လာမယ့်နှစ် စက်တင်ဘာ ၃၀ ရက်ကို နောက်ဆုံးရက် အဖြစ် သတ်မှတ်ခဲ့ ပါတယ်။

ပါကစ္စတန် အိမ်စောင့်နိုင်ငံခြားရေးဝန်ကြီး ဂျလဲလ် အာဘတ်စ် ဂျီလာနီ က“အိန္ဒိယက တရားမ၀င် သိမ်းပိုက်ထားတဲ့ ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ်တွေရဲ့ အခြေအနေကို အိန္ဒိယတရားရုံးချုပ်က ကြေညာထားတဲ့ စီရင်ချက်ကို ပါကစ္စတန်က ပြတ်ပြတ်သားသား ပယ်ချပါတယ်” လို့ မြို့တော် အစ္စလာမာဘတ်မှာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ကက်ရှ်မီးယားဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကို ခွဲခြားလို့ မရဘူးလို့လည်း ဂျီလာနီက ပြောခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ မွတ်ဆလင်အများစု နေထိုင်ရာ တခုတည်းသော ဒေသဖြစ်တဲ့ ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ်ဟာ  ဗြိတိန်ကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေးရခဲ့ပါတယ်။

၁၉၄၇ ခုနှစ်မှာ အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံနှစ်ခု  မွေးဖွားလာချိန်ကစပြီး ဒီဒေသဟာ အိန္ဒိယနဲ့ အိမ်နီးချင်းပါကစ္စတန်တို့ ၇၅ နှစ်ကျော် ရန်လိုမုန်းတီးမှုရဲ့ အဓိက အကြောင်းအရာ ဖြစ်ခဲ့ပါတယ်။  

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013