DVB Logo
Home
မြန်မာသတင်း
မြန်မာငွေလိမ်ဂိုဏ်းခေါင်းဆောင် ၁၀ ဦးကို  တရုတ်ရဲ ဖမ်းဝရမ်းထုတ်
DVB
·
December 11, 2023
မြန်မာငွေလိမ်ဂိုဏ်းခေါင်းဆောင် ၁၀ ဦးကို  တရုတ်ရဲ ဖမ်းဝရမ်းထုတ်
Donate to DVB

တရုတ်နိုင်ငံရဲတပ်ဖွဲ့က အလိုရှိနေတဲ့ မြန်မာနိုင်ငံမှ ငွေလိမ်ဂိုဏ်းခေါင်းဆောင်တွေ စာရင်းကို ဝရမ်းထုတ်ပြန်ထားတဲ့အကြောင်း ဒီဇင်ဘာ ၁၁ ရက်က ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာတော့ ရဲတွေက ရရှိထားတဲ့ ပြစ်မှုဆိုင်ရာ အချက်အလက်တွေနဲ့ အထောက်အထားတွေကို အခြေခံပြီးတော့ မြန်မာ နိုင်ငံမြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသထဲက တယ်လီကွန်းနဲ့ အွန်လိုင်း လိမ်လည်မှုဆိုင်ရာ ရာဇ၀တ်ဂိုဏ်း ခေါင်းဆောင် ၁၀ ယောက် အပါအဝင် အလိုရှိ စာရင်းကို ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

လျောင်နင်၊ ဖူကျန့်နဲ့ ချုံချင့်မြို့ရှိ တရုတ်ရဲဌာနတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ  ပယ်စောက်ချိန်၊ ဝေ့ဟွာရန်၊ လျူကျန်းရှန်နဲ့ ရှူလောက်ဖာတို့ဟာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထား ပြီးတော့ တရားမဝင် အမြတ်အစွန်း အများအပြား ပါဝင်တဲ့ တယ်လီကွန်းနဲ့ အွန်လိုင်း လိမ်လည်မှုတွေကို အချိန်ကာလအတော်ကြာကြာကတည်းက ကျူးလွန်နေခဲ့ကြတယ် လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ ဝရမ်းပြေးတရားခံတွေဟာ ကြီးမားတဲ့ အွန်လိုင်းလိမ်လည်မှုတွေကို ပြု လုပ်ခဲ့တာတွေအပြင် ရည်ရွယ်ချက်ရှိရှိသတ်သေစေတာ၊ မတရားချုပ်နှောင်ပြီး ရက်ရက် စက်စက် နှိပ်စက်ညှဉ်းပမ်းတာတွေအပါအဝင် မြောက်မြားစွာသော ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Source: Xinhua

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013