DVB Logo
Home
နိုင်ငံတကာ
ရုပ်ကြွင်းလောင်စာဆိုင်ရာ သဘောတူညီချက်အရေးကြီးဟု COP28 အစည်းအဝေးတွင် တရုတ်ပြော
DVB
·
December 10, 2023
ရုပ်ကြွင်းလောင်စာဆိုင်ရာ သဘောတူညီချက်အရေးကြီးဟု COP28 အစည်းအဝေးတွင် တရုတ်ပြော
Donate to DVB

ကုလသမဂ္ဂရာသီဥတုညီလာခံ COP28 ထိပ်သီးအစည်းအဝေးမှာ ရုပ်ကြွင်းလောင်စာဆိုင်ရာ နောက်ဆုံး သဘောတူညီချက်က လုံးဝပြီးပြည့်စုံနေတာ မဟုတ်ရင်တောင် အရေးကြီးတယ်လို့ တရုတ်နိုင်ငံရဲ့ ရာသီဥတုဆိုင်ရာ ထိပ်တန်း သံတမန်က ဒီဇင်ဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံဟာ ကျောက်မီးသွေး၊ ရေနံနဲ့ ဓာတ်ငွေ့ကို လုံးဝ ဖယ်ရှားဖို့ သဘောတူနိုင်လားဆိုတာ ပြောဖို့ကိုတော့ သူက ယဉ်ယဉ် ကျေးကျေး ငြင်းခဲ့ပါတယ်။

ရာသီဥတု ပြောင်းလဲမှုရဲ့ အဓိက တွန်းအားဖြစ်တဲ့ ရုပ်ကြွင်းလောင်စာတွေကို သုံးစွဲမှု ဖယ်ရှားရေး ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ နီးပါးက သဘောတူညီချက်ဟာ ဒူဘိုင်းမြို့မှာ ကျင်းပနေတဲ့ ရာသီဥတု ညီလာခံက ညှိနှိုင်းရေး စားပွဲပေါ်က အဆုံးအဖြတ် ကိစ္စရပ်ဖြစ်လာမှာပါ။

ရုပ်ကြွင်းလောင်စာဆိုင်ရာ သဘောတူညီချက်ကို မရရင် COP28 ညီလာခံက အောင်မြင်ဖို့ အခွင့်အလမ်း သိပ်မရှိဘူးလို့ တရုတ်ရာသီဥတု သံတမန် ရှဲ့ရှန်းဟွာက သတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်ဟာ ရုပ်ကြွင်း လောင်စာတွေအပေါ် အကြီးအကျယ် မှီခိုနေရဆဲ ဖြစ်ပြီး ကျောက်မီးသွေးက နိုင်ငံရဲ့ အကြီးဆုံး စွမ်းအင်ရင်းမြစ် ဖြစ်နေဆဲပါ။

“စွမ်းအင် အသွင်ကူးပြောင်းရေးဟာ အလွန်အမင်း အရေးကြီးတယ်။ ဒါပေမယ့် အကူအပြောင်း ကာလဟာ နာကျင်ရတဲ့ အချိန်ကို လိုအပ်တယ်။ နိုင်ငံတိုင်းမှာ မတူတဲ့ အမျိုးသားရေး အခြေအနေတွေ ရှိနေတယ်”လို့ ရှဲ့က ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံက အဖြေတခုရှာဖို့ တခြားနိုင်ငံတွေနဲ့ တိုင်ပင် ဆွေးနွေးနေပြီလို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၃၀ ခုနှစ်မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးစွဲမှု သုံးဆတိုးနိုင်စေဖို့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်တွေကို ထောက်ခံအားပေးပေမယ့် နိုင်ငံပေါင်း ၁၀၀ ကျော်နဲ့ ပူးပေါင်းပြီး ရည်မှန်းချက်ပြည့်မီဖို့ ကတိကဝတ်ပြုထားခြင်း ရှိ၊ မရှိ ပြောဖို့ကိုတော့ ငြင်းဆိုခဲ့ ပါတယ်။

ဝါရင့် သံတမန်က ရာသီဥတု ညှိနှိုင်းရေးမှူးအဖြစ် သူ့ရဲ့ ၁၆ နှစ်တာ ကာလအတွင်း ဒီအရေးဟာ သူမြင်ဖူးသမျှ အခက်ခဲဆုံး နိုင်ငံတကာ ညီလာခံပဲလို့  သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

 Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013