DVB Logo
Home
နိုင်ငံတကာ
အမေရိကန်၌ မိုးကြိုးမုန်တိုင်းနှင့် လေဆင်နှာမောင်းကြောင့်  ၆ ဦး သေဆုံး
DVB
·
December 10, 2023
အမေရိကန်၌ မိုးကြိုးမုန်တိုင်းနှင့် လေဆင်နှာမောင်းကြောင့်  ၆ ဦး သေဆုံး
Donate to DVB

အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ်မှာ ဒီဇင်ဘာ ၉ ရက်က ပြင်းထန်တဲ့ မိုးကြိုး မုန်တိုင်းတွေနဲ့ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ လူတွေ ဒဏ်ရာရရှိခဲ့တဲ့အပြင် ပျက်စီးဆုံးရှုံးမှု အများအပြား ကြုံနေရကြောင်း ဒေသဆိုင်ရာ အရေးပေါ် ဝန်ဆောင်မှုအဖွဲ့တွေက ပြောပါတယ်။ 

ဒါ့အပြင် လူ ၂၃ ဦးကို ဆေးရုံမှာ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ လေဆင်နှာမောင်းဟာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ် လောက်မှာ တိုက်ခတ်ခဲ့ကြောင်း ကလာ့ခ်စ် ဗီးလ် ရဲဌာနက ပြောပါတယ်။

ကလာ့ခ်စ်ဗီးလ် မြို့တော်ဝန် ဂျိုးပစ်ထ်စ် က လေဆင်နှာမောင်း တိုက်ခတ်ခဲ့မှုကို အတည်ပြုခဲ့ပြီး ညနေပိုင်း မိုးရွာခြင်းနဲ့ မိုးကြိုးပစ်ခြင်းတို့ကြောင့် နေရာအများအပြားမှာ အပျက်အစီးတွေ များပြားကြောင်း ကလာ့ခ်စ်ဗီးလ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

သေဆုံးသူတွေဟာ နက်ရှ်ဗီးလ် ဧရိယာမှာ လူ ၃ ဦးနဲ့ ကလာ့ခ်စ်ဗီးလ် မှာ ၃ ဦးတို့ဖြစ်ကြောင်း ABC သတင်းဌာန လက်အောက်ခံ WKRN အရ သိရပါတယ်။  

မွန့်ဂိုမာရီ၊ ဒေးဗစ်ဆင် နဲ့ ဆမ်နာ ခရိုင်တွေမှာ မုန်တိုင်းနဲ့ဆက်နွှယ်တဲ့ ပျက်စီးမှုတွေရှိခဲ့ပြီး ထောင်သောင်းချီတဲ့ ဒေသခံတွေ လျှပ်စစ်မီး မရဘဲဖြစ်နေပါတယ် ။ 

မွန့်ဂိုမာရီကောင်တီနဲ့ ကလာ့ခ်စ်ဗီးလ်မြို့မှ တာဝန်ရှိသူတွေဟာ ဓာတ်အားလိုင်းတွေ ပြတ်တောက်မှုအပါအဝင် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို အကဲဖြတ်နေတာကြောင့် လမ်းတွေ ပေါ်မှာ မနေကြဖို့ ဒေသခံတွေကို တောင်းဆိုထားပါတယ်။ 

တန်နက်ဆီပြည်နယ်မှာ စနေနေ့ ညနေအထိ လူပေါင်း ၈၀၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့ကြောင်း  poweroutage.us  ဝက်ဆိုက်အရ သိရပါတယ်။  

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013