DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် စာပေအနုပညာရှင်များနှင့် တွေ့မည်
DVB
·
August 21, 2014
ဒေါ်အောင်ဆန်းစုကြည် စာပေအနုပညာရှင်များနှင့် တွေ့မည်
Donate to DVB

ဒီမိုကရေစီရေးတိုက်ပွဲတွေနဲ့ အန်အယ်လ်ဒီကို ၀န်းရံဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်မြန်မာပြည် စာပေအနုပညာ အသိုင်းအ၀ိုင်းကို မကြာခင် ရက်ပိုင်း တွေ့ဆုံဖို့ ရှိပါတယ်။

2DASSK KawMuu Trip 08032014အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေနဲ့ မဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒအရ ပြုလုပ်တဲ့ အခုတွေ့ဆုံပွဲကို လာမယ့် သြဂုတ်လ ၂၅ ရက်နေ့ကျရင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ပြုလုပ်သွားမယ်လို့ အန်အယ်လ်ဒီ ပါတီ ဗဟိုပြန်ကြားရေး တာဝန်ခံ မုံရွာ အောင်ရှင်က ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။

အခုတွေ့ဆုံပွဲကို တက်ရောက်ဖို့ အတွက် ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့ စာရေး ဆရာ၊ ကဗျာ ဆရာတွေ အပါအ၀င် စာပေ အနုပညာရှင် ၁၃၀ ခန့်ထိ ဖိတ်ကြားသွားဖို့ လတ်တလော စီစဉ်ထားသလို ဂျာနယ်တိုက်ကြီးတွေက အယ်ဒီတာတွေနဲ့ ပန်းချီဆရာ၊ ကာတွန်း ဆရာတွေကိုပါ ဖိတ်ကြားသွားမယ်လို့ ဆိုပါတယ်။

ရုပ်ရှင်နဲ့ ဗွီဒီယို သရုပ်ဆောင်တွေ၊ ဂီတနယ်ပယ်က ပုဂ္ဂိုလ်တွေကိုတော့ အခု တွေ့ဆုံပွဲကို တက်ရောက်ဖို့ ဖိတ်ကြားတာ ပြုလုပ်မှာ မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုလို အောက်မြန်မာပြည်က စာပေအနု ပညာရှင်တွေကို သီးခြား တွေ့ဆုံမှု ပြုလုပ်တာဟာ ပထမဆုံးအကြိမ် ဖြစ်ပြီး ဒီမတိုင်ခင် အချိန်ကတော့ အထက်မြန်မာပြည်က စာပေအနုပညာရှင်တွေကို တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013