DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာပတ်လမ်းကြောင်းသို့ ဂြိုဟ်တုအသစ် ၃ စင်း တရုတ်ပစ်လွှတ်
DVB
·
December 9, 2023
ကမ္ဘာပတ်လမ်းကြောင်းသို့ ဂြိုဟ်တုအသစ် ၃ စင်း တရုတ်ပစ်လွှတ်
Donate to DVB

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ကျူးဟွမ်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာကနေ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ အောက်ဆီဂျင်-မီသိန်း လောင်စာရည်သုံး ဒုံးပျံကနေ ဂြိုဟ်တု အသစ် ၃ စင်းကို စီစဉ်ထားတဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲကို ပစ်လွှတ်ခဲ့ပါတယ်။ 

ဆူးခေး-၂ Y-3 အမျိုးအစား ဒုံးပျံဟာ လွှင့်တင်လိုက်တဲ့ နေရာကနေ ပေကျင်းစံတော်ချိန် မနက် ၇ နာရီ ၃၉ မိနစ်မှာ ပျံတက်သွားတာပါ။ 

ဒါဟာ ဆူးခေး-၂ ဒုံးပျံစီးရီး ရဲ့ တတိယမြောက် ပစ်လွှတ်မှုမစ်ရှင်လည်း ဖြစ်ပါတယ်။

တရုတ်ဒုံးပျံကုမ္ပဏီ LandSpace က ထုတ်လုပ်ထားတဲ့ ဆူးခေး-၂ ဟာ အောက်ဆီဂျင်-မီသိန်း လောင်စာရည်ကို အသုံးပြု မောင်းနှင်တဲ့ ကမ္ဘာ့ပထမဆုံး ဒုံးပျံလည်း ဖြစ်ပါတယ်။ 

Source/Photo - WANA NEWS AGENCY Credit: via REUTERS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013