DVB Logo
Home
မြန်မာသတင်း
လွှတ်တော်အကြီးအကဲများနှင့် စာနယ်ဇင်းကောင်စီ လေးပွင့်ဆိုင်ဆွေးနွေးရေးသဘောတူ
DVB
·
August 20, 2014
လွှတ်တော်အကြီးအကဲများနှင့် စာနယ်ဇင်းကောင်စီ လေးပွင့်ဆိုင်ဆွေးနွေးရေးသဘောတူ
Donate to DVB

လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ နေပြည်တော်မှာ ပထမဆုံးအကြိမ် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

Pree Council met Shwe Mann 20082014(3အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ စာနယ်ဇင်းကောင်စီတို့ ဒီနေ့မနက်ပိုင်းမှာ တွေ့ဆုံခဲ့ကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့တော့ မွန်းလွဲပိုင်းမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးစလုံးနဲ့ တွေ့ဆုံပွဲမှာ မဏ္ဍိုင်ကြီး ၄ ရပ် တွေ့ဆုံဆွေးနွေးကြဖို့ သဘောတူခဲ့ကြတယ်လို့ တွေ့ဆုံပွဲမှာပါဝင်တဲ့ စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။

“လက်ရှိတိုင်းပြည်မှာ ရှိနေတဲ့ မဏ္ဍိုင်ကြီး ၃ ရပ်နဲ့ မီဒီယာကြားမှာ ပိုပိုပြီးတော့ တယောက်ရဲ့ လုပ်ငန်းတာဝန်နဲ့ တယောက်ရဲ့ ကျင့်ဝတ်ကို နားလည်ပြီး လုပ်ငန်းပူးပေါင်းဆောင်ရွက်နိုင်ရင် Forum တခု ကျင်းပချင်တယ်။ အဲဒါကို လွှတ်တော်အနေနဲ့ ဘယ်လို သဘောထားမလဲဆိုတာ ဆွေးနွေးခဲ့တာပါ။ အဲဒီတော့ အမျိုးသားလွှတ်တော်ကရော ပြည်သူ့လွှတ်တော်ကရော ၂ ခုလုံးက မဏ္ဍိုင်ကြီး ၃ ရပ်နဲ့ မီဒီယာနဲ့ လုပ်မယ့် Forum မှာ ပါဝင်ပြီး တက်ရောက်ဆွေးနွေးဖို့ အကြမ်းဖျင်း သဘောတူပါတယ်။ သို့သော် ရက်ကိုတော့ ကျနော်တို့အနေနဲ့ တရားစီရင်ရေး မဏ္ဍိုင်နဲ့ မညှိရသေးတဲ့အတွက် ရက်ကို အတိအကျ ပြောဖို့ခက်ပါတယ်။ သို့သော် စက်တင်ဘာလထဲမှာ ဖြစ်အောင် ကြိုးပမ်းနေပါတယ်။ စက်တင်ဘာလထဲမှာ လုပ်မယ်ဆိုရင်တော့ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင် ကတော့ ပါဝင်ဖို့ သေချာသလောက်ရှိပါတယ်။ အဓိက အဲဒါပါပဲ။ နံပတ် ၂ ကတော့ လက်ရှိ မီဒီယာသမားတွေ ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ ဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဥပဒေရှုထောင့်နေ ပြန်လည် သုံးသပ်ပေးဖို့နဲ့ ခေတ်မီတဲ့ ဥပဒေကို ဖြုတ်ပယ်ပေးဖို့ အတွက်ကို အကြံပြုဆွေးနွေးခဲ့တာ ရှိပါတယ်။”

စာနယ်ဇင်းကောင်စီနဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံမှုအပြီး မကြာခင် ခုလို လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ ဆက်လက်တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

စာနယ်ဇင်းကောင်စီယာယီရဲ့ အစီအစဉ်နဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတို့ အလုပ်ရုံဆွေးနွေးပွဲတခု နေပြည်တော်မှာ ပြုလုပ်ဖို့ရှိပြီး တရားစီရင်ရေးက အကြောင်းပြန်လာရင် ပြုလုပ်မယ့်နေ့ရက်တို့ကို အတည်ပြုနိုင်မယ်လို့ ဦးဇော်သက်ထွေးက ပြောပါတယ်။

“အဓိကတော့ ပထမ သမ္မတနဲ့ တွေ့တယ်။ ကျနော်တို့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ မီဒီယာကြားမှာ ဖြစ်နေတဲ့ နားလည်မှု၊ လွဲမှားမှုတွေကို အတူပူးပေါင်းပြီးတော့ ဖြေရှင်းဖို့ အခြေခံသဘောတူညီ ကြတယ်။ ဒီနေ့လည်း တရားဥပဒေမဏ္ဍိုင်နဲ့ တွေ့တယ်။ ကျနော်တို့ ဒီလိုမျိုးဖြစ်နေတဲ့ ပြဿ နာတွေကို ပူးပေါင်းဆောင်ရွက်ဖို့ အဖြေရတယ်။ ကျနော်တို့အနေနဲ့ နောက်ထပ် အဖြေရဖို့ တရားစီရင်ရေး မဏ္ဍိုင်တခုပဲ ကျန်ပါတော့တယ်။ သူတို့တွေနဲ့ ဆွေးနွေးပြီးရင်တော့ မဏ္ဍိုင်ကြီး ၄ ခု တွေ့မယ့် Forum ဟာ နေပြည်တော်မှာ ဖြစ်ပေါ်လာမယ်လို့ ယူဆပါတယ်။”

၂၀၁၁ ခုနှစ်အတွင်း သမ္မတ ဖွဲ့စည်းပေးထားတဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ သမ္မတတို့ ၃ ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြဖူးပြီး လွှတ်တော်ဥက္ကဋ္ဌတွေနဲ့တော့ ဒါပထမဆုံး တွေ့ဆုံတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013