DVB Logo
Home
မြန်မာသတင်း
အီဘိုလာ သံသယရှိသူတဦး မြန်မာနိုင်ငံတွင် ပထမဆုံးတွေ့ရှိ
DVB
·
August 20, 2014
အီဘိုလာ သံသယရှိသူတဦး မြန်မာနိုင်ငံတွင် ပထမဆုံးတွေ့ရှိ
Donate to DVB

ရန်ကုန်လေဆိပ်မှာ စစ်ဆေးတွေ့ရှိတဲ့ အီဘိုလာဗိုင်းရပ်စ်ရောဂါ သံသယရှိ လူနာတဦးကို မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်ပေးနေပြီး သံသယရှိသူ စီးလာတဲ့ လေယာဉ်ပေါ် ပါလာသူ အားလုံးကိုလည်း နေအိမ်နဲ့ တည်းခိုရာတွေမှာ စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

သြဂုတ်လ ၁၉ ရက်နေ့ညက အမ်အေအိုင်လေကြောင်းနဲ့ ထိုင်းနိုင်ငံကနေ ရန်ကုန်ကို လိုက်ပါလာတဲ့ အသက် ၂၀ ကျော် မြန်မာအမျိုးသားဦး ကို်ယ်အပူအချိန်မြင့်တက်နေတာ၊ ကိုယ်လက်နှုံးချိနေတာ စတဲ့ ရောဂါလက္ခဏာတွေ ခံစားနေရတာကို တွေ့ရှိခဲ့ပါတယ်။

Ebola myanmar 20082014သက်ဆိုင်ရာက ခရီးသွားရာဇ၀င်ကို စုံစမ်းခဲ့ရာမှာ အီဘိုလာရောဂါဖြစ်ခဲ့တဲ့ အာဖရိက နိုင်ငံတွေမှာ ၁ နှစ်ကျော်အလုပ်လုပ်ပြီး ပြန်လာသူဖြစ်တယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ ရတာပါ။

ခုလို အီဘိုဘာ သံသယလူနာ တွေ့ရှိမှုနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန လက်အောက်က ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာ တိုးသိရီအောင်က ဒီဗွီဘီကို ခုလို ရှင်းပြပါတယ်။

“သူက လေယာဉ်ပေါ်မှာ ဖျားတယ်၊ ကိုယ်လက်မအီမသာ ဖြစ်တဲ့ လက္ခဏာတွေ ခံစားလာရတယ်။ ခံစားလာရတော့ လေကြောင်း အောက်ဘက်မှာ အဖျားရောဂါ စောင့်ကြပ် ကြည့်ရှုတဲ့အဖွဲ့ ရှိပါတယ်။ ကျန်းမာရေးဌာနရဲ့ တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့မှ ကျမတို့ ထိတွေ့မှုအနည်းဆုံးနဲ့ ဆေးရုံကို ပို့ဆောင်ပါတယ်။ အောက်ရောက်တော့လည်း စစ်ဆေးပါတယ်။ စစ်ဆေးတော့ အဖျားရှိတယ်၊ အာဖရိက နိုင်ငံ ၂ နိုင်ငံသွားခဲ့တဲ့ သမိုင်းရှိတယ်ဆိုတော့ သံသယ လူနာအဖြစ် သတ်မှတ်ပြီး အောက်မှာ တခါထပ်ပြီး စစ်ဆေးပြီးတော့မှ အဓိကထား ကုသပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သွားခဲ့တယ်။ တခြားလေဆိပ်တွေကိုလည်း ဖြတ်ခဲ့တယ်။ မြန်မာနိုင်ငံရောက်မှ သေချာစောင့်ကြပ် ကြည့်ရှုတာကြောင့် သံသယရှိတဲ့ လူနာတွေ့တာပေါ့။ သူက လာနေရင်းနဲ့ ဖြစ်လာတာ။”

လတ်တလော လူနာကို ဝေဘာဂီအထူးကုဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုပေးနေပြီး အီဘိုလာ ရောဂါ ဟုတ်မဟုတ် အဖြေကို အတိအကျသိရဖို့ အိန္ဒိယနိုင်ငံက ဓာတ်ခွဲခန်းကို ပို့ဖို့ ဒီနေ့ ဆောင်ရွက်နေတယ်လို့ ဒေါက်တာ တိုးသိရီအောင်က ပြောပါတယ်။

“ဓာတ်ခွဲစစ်ဆေးတဲ့ လိုအပ်တဲ့ နမူနာတွေကို ဒဗလျူအိပ်ခ်ျအို (ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး) က သတ်မှတ်ထားတဲ့ အိန္ဒိယနိုင်ငံက ဓာတ်ခွဲခန်းကို ပေးပို့ စစ်ဆေးပါ့မယ်။ အခုပို့ဖို့ ဆောင်ရွက်နေပါပြီ။”

လူနာအပြင် လူနာကို ပြုစုကုသလိုက်ပါပို့ဆောင်သူ ၄ ဦးကိုလည်း ဝေဘာဂီအထူးကု ဆေးရုံကြီးမှာ စောင့်ကြပ်ကြည့်ရှုပေးနေပါတယ်။

ဒါ့ပြင်လူနာ စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ကို ရောဂါပိုးသန့်စင်တာနဲ့ လေဆိပ်ဝန်ထမ်း တွေကို ရောဂါစာင့်ကြပ်ကြည့်ရှုမှုတွေ လုပ်နေတဲ့အပြင် သံသယရှိသူ စီးလာတဲ့ လေယာဉ်ပေါ် မှာ ပါလာသူ အားလုံးကိုလည်း အိမ်နဲ့ တည်းခိုရာတွေမှာ စောင့်ကြပ်ကြည့်ရှုသွားဖို့ ရှိနေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

အီဘိုလာရောဂါမြန်မာနိုင်ငံကို ကူးစက်ပျံ့နှံ့မလာအောင် သက်ဆိုင်ရာက ရန်ကုန်နဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အဆင့်မီစက်တွေနဲ့ ကျန်းမာရေးဝန်ထမ်းအဖွဲ့တွေ ချထားကာ စစ်ဆေးနေပြီး ဆိပ်ကမ်းတွေနဲ့ နယ်စပ်ဖြတ်ကျော်ဝင်ပေါက်တွေမှာလည်း စောင့်ကြပ်ကြည့်ရှုတွေ ပြုလုပ်နေပါတယ်။

အီဘိုလာရောဂါဟာ တိုက်ရိုက်ထိတွေ့မှ ကူးစက်နိုင်တာဖြစ်ပြီး ဒီနေ့အထိ ကာကွယ် ကုသဆေး မရှိသေးပါဘူး။ ဆူဒန် နဲ့ ကွန်ဂိုမှာ ၁၉၇၆ တုန်းက စတွေ့ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကူးစက်မြန်ရောဂါတခု ဖြစ်လာပြီး ဒီနေ့အထိ ဒီရောဂါကြောင့် လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013