DVB Logo
Home
နိုင်ငံတကာ
စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် ရုရှားဆက်စပ်တပ်ဖွဲ့ဝင် ၄ ဦးကို အမေရိကန် တရားစွဲ
DVB
·
December 7, 2023
စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် ရုရှားဆက်စပ်တပ်ဖွဲ့ဝင် ၄ ဦးကို အမေရိကန် တရားစွဲ
Donate to DVB

ရုရှားက ယူကရိန်းကို ကျူးကျော်ချိန်အတွင်း အမေရိကန်နိုင်ငံသားတဦးအပေါ် ဆိုးရွားတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ ရုရှားနဲ့ ဆက်နွှယ်နေတဲ့ စစ်သား ၄ ယောက်ကို အမေရိကန်က တရားစွဲဆိုလိုက်ပြီး အမေရိကန် စစ်ရာဇဝတ်မှုဥပဒေအောက်မှာ ပထမဆုံးစွဲချက်အဖြစ် တရားရေးဌာနက ဖော်ပြခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလမှာ ရုရှားဆက်စပ်တပ်ဖွဲ့တွေရဲ့ ကွပ်ကဲရေးမှူး ၂ ဦးဖြစ်တဲ့ ဆူရန် ဆိုင်ရာနိုဗစ်ချ်နဲ့ ဒီမစ်ထရီ ဘဒ်နစ်ခ်တို့အပြင် ဗာလရီနဲ့ နာဇားလို့ အမည်ရတဲ့ အောက်ခြေတပ်သား ၂ ဦးဟာ ၂၀၂၁ ခုနှစ်ကတည်းက ရုရှားမှာနေထိုင်ခဲ့တဲ့ အမေရိကန်နိုင်ငံသားကို ဥပဒေမဲ့ချုပ်နှောင်တာ၊ လူမဆန်စွာ စစ်ဆေးမေးမြန်းတာ၊ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တာတွေ ပြုလုပ်ခဲ့ကြောင်း စာမျက်နှာ ၉ မျက်နှာပါ စစ်ရာဇဝတ်မှု စွဲချက်ထဲမှာ ထည့်သွင်းဖော်ပြထားတယ်လို့ ရှေ့နေချုပ် မဲရစ်ခ် ဂါလန်က ပြောပါတယ်။

အဲဒီစွဲချက်မှာ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတကာအသိုင်းအဝိုင်းက တရားမဝင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ပူးပေါင်းကြံစည်မှုလည်း ပါဝင်နေတယ်လို့ ဂါလန်က ဆိုပါတယ်။

သူတို့ဟာ ကျူးလွန်ခံရသူကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီးတော့ ကွပ်မျက်မယ့်ပုံမျိုး ဟန်ဆောင်ကာ လှောင်ပြောင်ခဲ့ကြောင်း အမေရိကန်တရားရေးဌာနက ပြောပါတယ်။

ယူကရိန်းမှာ ရုရှားအစိုးရရဲ့ တရားမဝင်စစ်ပွဲအတွက် တာဝန်ယူမှု တာဝန်ခံမှုဆီ ဦးတည်တဲ့ အရေးကြီးတဲ့ ခြေလှမ်းတခုလည်း ဖြစ်ပါတယ်လို့ ရှေ့နေချုပ် မဲရစ်ခ် ဂါလန်က ပြောကြားပါတယ်။

အမေရိကန်နိုင်ငံရဲ့သမိုင်းမှာ ပထမဆုံးအကြိမ် ဖက်ဒရယ်အေးဂျင့်တွေဟာ အမေရိကန် နိုင်ငံသားတဦးအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ ချိုးဖောက်မှုအတွက် စွဲချက်တင်ဖို့ လုံလောက်တဲ့ အထောက်အထားတွေကို စုဆောင်းခဲ့ကြောင်းလည်း အမေရိကန် အမိမြေလုံခြုံရေး အတွင်းရေးမှူး အလက်ဂျန်ဒရို မာယော့ကာစ်က ပြောပါတယ်။

ရာဇဝတ်မှု ကျူးလွန်သူတွေကို တရားမျှတမှု ရတဲ့အထိ အချိန်ဘယ်လောက်ယူရပါစေ လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း FBI ဒါရိုက်တာ ခရစ္စတိုဖာရေးက ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013