DVB Logo
Home
အားကစား
အာဆင်နယ် နိုင်ပွဲကို ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေး ကြည့်ရှု အောင်ပွဲခံ
DVB
·
December 7, 2023
အာဆင်နယ် နိုင်ပွဲကို ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေး ကြည့်ရှု အောင်ပွဲခံ
Donate to DVB

အာဆင်နယ်အသင်းက လူတန်တောင်းအသင်းကို အနိုင်ရတဲ့ပွဲစဉ်ကို ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တိုနေးက ကြည့်ရှုခဲ့ပြီး ဆိုရှယ်မီဒီယာမှာ အောင်ပွဲခံကြောင်း ပြသခဲ့ပါတယ်။

အာဆင်နယ်ဟာ လူတန်တောင်းအသင်းကို ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ရဲ့ ပွဲပြီးခါနီး ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

အဲဒီပွဲစဉ်ကို ဖုန်းထဲကနေတဆင့် ကြည့်ရှုအားပေးခဲ့ကြောင်း အိုင်ဗန်တိုနေးက  အင်စတာဂရမ်မှာ ဓာတ်ပုံနဲ့တကွ တင်ခဲ့တာပါ။

တိုနေးဟာ အင်္ဂလန်အသင်းဖော် ဒက်ကလန်ရိုက်ရဲ့အမည်ကိုလည်း ရေးသားထားပြီး ကောင်းမွန်တဲ့ပွဲ ဖြစ်ကြောင်း ရေးသားခဲ့တာပါ။

ပရိသတ်တစ်ဦးကတော့ တိုနေးဟာ ဒက်ကလန်ရိုက်ရဲ့ဂိုးမှာ အောင်ပွဲခံခဲ့ပြီး အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ လောင်းကစားစည်းမျဉ်း ချိုးဖောက်မှုကြောင့် ပွဲပယ်ပြစ်ဒဏ်ခံနေရ ဆဲဖြစ်ပြီး လာမယ့် ဇန်နဝါရီ ၁၇ ရက် နောက်ပိုင်းမှ ပြန်လည်ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013