DVB Logo
Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
တောင်တွင်းကြီးမြို့ ရေကြီး
DVB
·
August 20, 2014
တောင်တွင်းကြီးမြို့ ရေကြီး
Donate to DVB

မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက မိုးများပြီး တောင်ကျရေကြောင့် ရေကြီးနေပါတယ်။

TaungTwinGyi flooding 19082014တောင် ကျရေကြောင့် တောင် တွင်းကြီးအထက်ပိုင်းမှာ ရှိတဲ့ ကန်တော်ကြီး ဆည်ရေမထိန်းနိုင်ဘဲ လွှတ်ရတဲ့အတွက် မနေ့က စပြီး တောင်တွင်းကြီးမြို့ အနိမ့်ပိုင်း ရပ် ကွက်တွေ ရေ ၀င်ပြီး ရေကြီးနေ တယ်လို့ တောင် တွင်းကြီးမြို့ခံ ကိုအောင်ကျော်ကျော်က ပြောပါတယ်။

တောင်ပြင် ၁၊ တောင်ပြင် ၂၊ အုန်းတော ၁ နဲ့ အုန်းတော် ၂ ရပ်ကွက်တွေမှာ ရေ၀င်နေပြီး တချို့ အနှိမ့်ပိုင်းမှာ ခါးလောက်အထိ ရေတက်တယ်လို့ ပြောပါတယ်။ လောလောဆယ် ကယ်ဆယ်ရေးစခန်းတွေ မဖွင့်ထားရသေးပါဘူး။

ဒါပေမယ့် မိုးဆက်ရွာနေတဲ့အတွက် ညပိုင်းမှာ ရေဆက်တက်နိုင်တဲ့ အနေအထားရှိနေတယ်လို့ ကိုအောင်ကျော်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013