DVB Logo
Home
နိုင်ငံတကာ
ဂါဇာက အရပ်သားများကို အကာအကွယ်ပိုပေးရန် ICRC တောင်းဆို
DVB
·
December 6, 2023
ဂါဇာက အရပ်သားများကို အကာအကွယ်ပိုပေးရန် ICRC တောင်းဆို
Donate to DVB

အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း ICRC ရဲ့ ဥက္ကဋ္ဌဟာ ဂါဇာကမ်း‌မြောင်ဆီ ဒီဇင်ဘာ ၄ ရက်က သွားရောက်ခဲ့ပြီး  အရပ်သားတွေကို ပိုအကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ICRC ဥက္ကဋ္ဌ မီရီယာနာ စပိုယားရစ်ခ်က ယူရိုပီယံ ဂါဇာဆေးရုံကို သွားခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ ကလေးတွေကို တွေ့ခဲ့ပါတယ်။

ဂါဇာအရေးမှာ ကြားနေကြားခံတဦးဖြစ်တဲ့ ICRC ဟာ ဂါဇာကမ်းမြောင်ဒေသဆီ အကူအညီတွေ ပေးနေပြီး ဓားစာခံတွေနဲ့ လူနာတွေကို ဝိုင်းဝန်းကယ်ထုတ်ဖို့ ကူညီနေတာပါ။

စစ်ရေးအရှိန်လျှော့ဖို့နဲ့ စစ်ရေးမဟုတ်တဲ့ တခြားနည်းတွေနဲ့ အဖြေရှာဖို့ ဘက်အားလုံးကို စပိုယားရစ်ခ်က တောင်းဆိုခဲ့ပါတယ်။

အစ္စရေးတပ်ဖွဲ့တွေက ဂါဇာတောင်ပိုင်းကို ဝေဟင်နဲ့ မြေပြင်ကနေ ဗုံးတွေ အမြောက်တွေနဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းနေပြီး အရပ်သားတွေကို ကာကွယ်ဖို့ အမေရိကန်နဲ့ ကုလသမဂ္ဂက အကြိမ်ကြိမ် တိုက်တွန်းနေချိန်မှာတောင် ပါလက်စတိုင်း ဒါဇင်နဲ့ချီ သေဆုံး ဒဏ်ရာရခဲ့ပါတယ်။

ဂါဇာမှာ သေဆုံး ဒဏ်ရာရသူဦးရေ အရှိန်နဲ့ တိုးများလာနေပေမဲ့ အမေရိကန်က အစ္စရေးကို လက်နက်ထောက်ပံ့ရေးအတွက် ပြန်စဉ်းစားမယ့်ပုံ မပေါ်ဘူးလို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။

အစ္စရေးကို စစ်ရေးအရ အထောက်အပံ့ လျှော့ချတာဟာ အန္တရာယ်တွေ ကြီးလာနိုင်တယ်လို့ အမေရိကန် ထိပ်တန်းအရာရှိက ရိုက်တာသတင်းဌာနကို ပြောခဲ့တာပါ။

“အစ္စရေးကို အကူအညီတွေ လျှော့လေလေ၊ ပဋိပက္ခရဲ့ တဖက်က လူတွေကို တွန်းအားပေးလေလေဖြစ်ပြီး အဟန့်အတားကို အားနည်းစေလိမ့်မယ်။ အစ္စရေးရဲ့ တခြားရန်သူတွေကိုလည်း အားပေးရာရောက်တယ်” လို့ အမေရိကန်အရာရှိက ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက သူ့ရဲ့ အစ္စရေးအပေါ် ထောက်ခံမှုကို မယိမ်းယိုင်ဘူးလို့ သတ်မှတ်ခေါ်ဆိုခဲ့တာပါ။

ဟားမတ်စ်တာဝန်ရှိသူ အိုဆာမာ ဟမ်ဒန်ကတော့ ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးရဲ့ ရန်လိုမှု ရပ်တန့်မသွားမချင်း ညှိနှိုင်းတာ၊ ဒါမှမဟုတ် အကျဉ်းသားအလဲအလှယ် ပြုလုပ်မှာ မဟုတ်ဘူးလို့ ဒီဇင်ဘာ ၅ ရက်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ပါလက်စတိုင်းပြည်သူတွေအပေါ် ရန်စမှုတွေနဲ့ ခိုင်မာတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲတွေ မရပ်မချင်း စေ့စပ်ညှိနှိုင်းမှုတွေ ဒါမှမဟုတ် လဲလှယ်မှုတွေ ပြုလုပ်မှာ မဟုတ်ဘူးလို့ ဒီကနေ ထပ်ပြီး အာမခံ ပြောကြားလိုက်တယ်။”

ဇီယွန်ဝါဒီ အစ္စရေး ဓားစာခံတွေရဲ့ အသက်တွေနဲ့ လဲလှယ်ရေး သဘောတူညီချက်ကို ပြီးမြောက်အောင် လုပ်ဆောင်ရမှာကို ဟန့်တားနှောင့်ယှက်နေတဲ့အတွက်လည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုမှာ အပြည့်အဝ တာဝန်ရှိနေပါတယ်လို့ ဟားမတ်စ်ကိုယ်စားလှယ် အိုဆာမာ ဟမ်ဒန်က ပြောသွားတာပါ။

“အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဂါဇာမှာ အကျဉ်းချခံထားရတဲ့ အစ္စရေး အကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုတွေ၊ သူတို့ရဲ့ အသက်တွေကို ဂရုမစိုက်ဘူးဆိုတာ ရှင်းနေတာပဲ။”

ဟားမတ်စ်ကိုယ်စားလှယ် အိုဆာမာ ဟမ်ဒန်က ဘေရွတ်မြို့မှာ ပြောကြားတဲ့နေ့ဟာ ဂါဇာကမ်းမြောင်တောင်ပိုင်းရဲ့ အဓိကမြို့ကို အစ္စရေးတပ်တွေက ဝင်ရောက်စီးနင်းခဲ့တဲ့နေ့လည်း ဖြစ်ပြီး ဟားမတ်စ် စစ်သွေးကြွတွေကို မြေပြင်စစ်ဆင်ရေး ၅ ပတ်အတွင်း အပြင်းထန်ဆုံး တိုက်ခိုက်ရေးနေ့လို့လည်း ခေါ်တွင်ခဲ့ပါတယ်။

ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ အယ်လ်ကဆမ် တပ်မဟာကတော့ သူ့ရဲ့ တိုက်ခိုက်ရေးသမားတွေဟာ အစ္စရေး စစ်သုံးမော်တော်ယာဉ် ၂၄ စီးကို ဖျက်ဆီးခဲ့ပြီး ခန်ယိုနစ်စ်ရဲ့ နေရာအများအပြားမှာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စနိုက်ပါသမားတွေကြောင့် အစ္စရေးစစ်သား ၈ ဦး သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013