DVB Logo
Home
နိုင်ငံတကာ
အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာတွင် ဆေးရုံများပြိုကျ
DVB
·
December 6, 2023
အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာတွင် ဆေးရုံများပြိုကျ
Donate to DVB

အစ္စရေးတပ်တွေက ဂါဇာကမ်းမြောင်တောင်ပိုင်းက ခန်းယူးနစ်မြို့ကို စီးနင်းတိုက်ခိုက်ခဲ့လို့ ဆေးရုံတွေ ပြိုကျကုန်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရက ဒီဇင်ဘာ ၅ ရက်မှာ ပြောပါတယ်။

ဂါဇာကို အစ္စရေးက လေကြောင်းရော ကုန်းကြောင်းကပါ ဗုံးတွေ အမြောက်တွေနဲ့ ပစ်ခတ်နေပြီး ဟားမတ်စ်တွေကို တိုက်ခိုက်နေပုံ ရုပ်သံကို အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၅ ရက်မှာ ဖြန့်ချိခဲ့ပါတယ်။

အစ္စရေးဟာ လက်ရှိစစ်ပွဲအပြီးမှာ ဂါဇာကို “စစ်မဲ့ဇုန်” အဖြစ် ပြောင်းလဲပစ်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောလိုက်ပါတယ်။

ဂါဇာကမ်းမြောင်မှာရှိတဲ့ အယ်လ်အက်ဆာ အာဇာနည်ဆေးရုံမှာ လောင်စာဆီနဲ့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ အင်မတန်နည်းနေပြီလို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ပြောပါတယ်။

နာရီပေါင်းများစွာကြာအောင် ဝင်ရောက်စီးနင်းပြီးတဲ့နောက် အစ္စရေးတပ်ဖွဲ့တွေဟာ ဂျိနင်းမြို့နဲ့ မြို့ထဲက ဒုက္ခသည်စခန်းကနေ ပါလက်စတိုင်း အနည်းဆုံး ၁၈ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ပါလက်စတိုင်းအစိုးရ သတင်းဌာန Wafa က ဖော်ပြပါတယ်။

နိုင်ငံတကာဥပဒေကို “မလိုက်နာခြင်း” အတွက် အစ္စရေးကို အရေးယူဆောင်ရွက်ဖို့ ပါလက်စတိုင်းရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့က လုံခြုံရေးကောင်စီဥက္ကဋ္ဌကို တောင်းဆိုထားပါတယ်။

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဟားမတ်စ်တပ်မှူး အများအပြားကို “သုတ်သင် ဖယ်ရှားပစ်” ခဲ့တယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။

ပါလက်စတိုင်းနယ်မြေရဲ့ တောင်ဘက်က ရာဖယ်နဲ့ ခန်းယူးနစ်မြို့တွေတဝိုက်ကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်တာတွေ ပိုပြင်းထန်လာလို့ ဂါဇာရဲ့ အခြေအနေဟာ နာရီတိုင်းမှာ ပိုဆိုးရွားလာနေတယ်လို့ ဂါဇာမှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တာဝန်ရှိသူတဦးက ဒီဇင်ဘာ ၅ ရက်မှာ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတာကနေ လွတ်မြောက်ဖို့ တောင်ပိုင်းဆီ လူတွေအများကြီး ရွှေ့ပြောင်းလာတဲ့အတွက် လူနေထူထပ်တဲ့ နယ်မြေအတွင်း ကျန်းမာရေးစနစ် အားနည်းချက်အပေါ် WHO က အလွန်စိုးရိမ်မိတယ်လို့ ဂါဇာမှာရှိတဲ့ WHO ကိုယ်စားလှယ် ရစ်ချတ် ပိပါကွန်က ဗီဒီယိုလင့်ခ်ကတဆင့် သတင်းထောက်တွေကို ပြောပါတယ်။

ကုလသမဂ္ဂ ကလေးသူငယ်ဆိုင်ရာအဖွဲ့  ယူနီဆက်ဖ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းစ် အယ်လ်ဒါကလည်း အစ္စရေးက ဘေးကင်းတယ်လို့ ပြောထားတဲ့ ဂါဇာကမ်းမြောင်ဒေသရဲ့ အစိတ်အပိုင်းဟာ အခြေခံလိုအပ်ချက်တွေနဲ့ မကိုက်ညီဘဲ သန့်ရှင်းရေးနဲ့ အမိုးအကာမရှိလို့ ရောဂါဖြစ်ပွားမှုအတွက် ပြီးပြည့်စုံတဲ့ မုန်တိုင်းတခုကို ဖန်တီးခဲ့သလို ဖြစ်နေတယ်လို့ သတိပေးခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို ဘေးကင်းစေဖို့ တခုတည်းသောနည်းလမ်းက အပစ်အခတ် ရပ်စဲရေးကို တွန်းအားပေးဖို့ပဲလို့လည်း သူက ပြောခဲ့ပါတယ်။

ခန်းယူးနစ်မြို့က ကုန်လှောင်ရုံတွေကနေ ရိက္ခာတွေကို ဖယ်ရှားဖို့ အစ္စရေးရဲ့အမိန့်ကို WHO က လိုက်နာတယ်လို့ WHO ကိုယ်စားလှယ် ပိပါကွန်က ပြောပါတယ်။

ဒီနေရာဟာ လာမယ့်ရက်တွေအတွင်း တင်းပြည့်ကျပ်ပြည့် တိုက်ခိုက်ရေးနယ်မြေ ဖြစ်လာနိုင်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013