DVB Logo
Home
မြန်မာသတင်း
DVB ရုပ်သံမှတ်တမ်းတိုပြိုင်ပွဲဝင် ၁၀ ကား အနက် ပရိသတ်အကြိုက်ဆုံး မဲပေးရွေးချယ်နိုင်
DVB
·
December 6, 2023
DVB ရုပ်သံမှတ်တမ်းတိုပြိုင်ပွဲဝင် ၁၀ ကား အနက် ပရိသတ်အကြိုက်ဆုံး မဲပေးရွေးချယ်နိုင်
Donate to DVB

ဒီမိုကရက်တစ်မြန်မာအသံ (DVB)က ဒုတိယအကြိမ်ပြုလုပ်တဲ့ ၂၀၂၃ ခုနှစ် ရုပ်သံမှတ်တမ်းတို ပြိုင်ပွဲဝင် ဇာတ်ကား ၁၀ ကားကို ထုတ်လွှင့်ပြသခဲ့ပြီး ပရိတ်သတ်အကြိုက်ဆုံး ဇာတ်ကားဆုကို ကိုယ်တိုင်မဲပေးရွေးချယ်နိုင်ပြီ ဖြစ်ပါတယ်။

မြန်မာပြည်က အရည်အသွေးရှိပြီး ထူးချွန်တဲ့ ရုပ်ရှင်ရိုက်ကူးသူတွေကို DVB အနေနဲ့ အားပေး ထောက်ပံ့ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့ ရုပ်သံမှတ်တမ်းတိုပြိုင်ပွဲဝင်ခွင့်ရ ၁၀ ကား အတွက် ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ  ၂၀ ရက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြိုင်ပွဲဝင် ဇာတ်ကားတွေကို ဒီဇင်ဘာ ၆ ရက်ကနေ ၁၉ ရက်အထိ မိမိ ကြိုက်နှစ်သက်ရာ ၁ ကားကို မဲပေးရွေးချယ်ခွင့်ရရှိမှာ ဖြစ်သလို လွတ်လပ်တဲ့ ဒိုင်အဖွဲ့က ရွေးချယ်တဲ့ ဇာတ်ကားကိုလည်း ဆုချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဖြစ်မြောက်ရေးအဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ခင်ရူပါက “ဒီနှစ်မှာ ထူးခြားတာက လွတ်လပ်တဲ့ ဒိုင်အဖွဲ့ကရွေးချယ်တဲ့ ဒီဗွီဘီရဲ့  ၂၀၂၃ ခုနှစ် Documentary ဆုအပြင် ပရိသတ်ကလည်း ကိုယ်ကြိုက်တဲ့ဇာတ်ကားကို ကိုယ်တိုင်မဲပေးခွင့် ရတဲ့ဆုကိုလည်း ထည့်သွင်းထားပါတယ်။ ဆိုတော့ ဆုက ၂ ဆု ချီးမြှင့်ပေးသွားမှာပေါ့နော်။ QR ကုတ်နဲ့ စကန်ဖတ်ပြီး ကိုယ်ကြိုက်တဲ့ ဇာတ်ကားကို ကလစ်နှိပ်ပြီး မဲပေးရုံပါပဲ။ အီးမေးလ်တစ်ခုကို တမဲပဲ ခွင့်ပြုပါတယ်။ မဲပေးဖို့ ကိုယ်ရေးအချက်အလက် ပေးစရာမလိုပါဘူး။  နှစ်ပတ်အတွင်း ရရှိတဲ့ ဒီမဲတွေကို ရေတွက်ပြီး မဲအများဆုံးကားကို ဆုပေးမှာပါ။ ဇာတ်ကားတွေကိုလည်း တီဗွီမှာ ပြသနေသလို DVB youtube channel မှာလည်း ဝင်ပြီးလည်း ကြည့်လို့ရပါတယ်”လို့ ပြောပါတယ်။

ဒီနှစ် ဒီဗွီဘီ မှတ်တမ်းရုပ်ရှင်ပြိုင်ပွဲ ဝင်ခွင့်ရဖို့ လျှောက်လွှာတွေကို ပြီးခဲ့တဲ့ ဧပြီလမှာ ခေါ်ယူခဲ့တာ ဖြစ်ပြီး စုစုပေါင်း ဇာတ်လမ်းအကျဉ်းနဲ့အတူ လျှောက်ထားတဲ့ ဇာတ်လမ်းပေါင်း ၅၀ ဝန်းကျင်ထဲက ၁၀ ကားကို လွတ်လပ်တဲ့ ဒိုင်အဖွဲ့က ရွေးချယ်ခဲ့ကြတာပါ။

ဒီရွေးချယ်ခံရတဲ့ ၁၀ ကားကို ဒီဗွီဘီက ရိုက်ကူးထောက်ပံ့ငွေ ယူရိုငွေ ၃,၃၀၀ စီ ပေးအပ်ကာ ဖန်တီးယှဉ်ပြိုင်စေခဲ့တာဖြစ်ပြီး ဆုရရှိသူတွေကိုလည်း ယူရိုငွေ ၅၀၀ စီ ထပ်မံပေးအပ်သွားဦးမှာဖြစ်ပါတယ်။

ဒီနှစ် မှတ်တမ်းရုပ်ပြိုင်ပွဲအတွက် ဒိုင်အဖွဲ့မှာ ရုပ်သံမှတ်တမ်းနဲ့ ပတ်သက်ပြီးနိုင်ငံတကာ အတွေ့အကြုံသူတွေ ဖြစ်တဲ့ Ali Fowle၊ Turid Rogne နဲ့ ဒါရိုက်တာ ဏကြီးတို့က ပါဝင် ကူညီပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါရိုက်တာဏကြီးက “အမှတ်ပေးတာကတော့ လုံခြုံရေးကို ဘယ်လောက်ထိ လုပ်ဆောင်ထားလဲ။ Film language နဲ့ storytelling ကို ဘယ်လိုသုံးထားလဲ၊ Documentary တစ်ခုရဲ့ ပေးချင်တဲ့ မက်ဆေ့ချ်နဲ့ ဖော်ဆောင်နိုင်မှုပေါ့၊ Treatment ကို ဘယ်လိုပဲ ရေးထားရေးထား နောက်ဆုံးရလဒ်က Eliminate လုပ်နိုင်လားပေါ့။ ဖန်တီးမှုအပိုင်းမှာ စစ်မှန်မှု ဒါတွေအပေါ် အခြေခံပြီး အမှတ်ပေးထားတာပါ”လို့ ပြောပါတယ်။

ဒီနှစ်ပြိုင်ပွဲဟာ ပြီးခဲ့တဲ့ နှစ်ကထက်ပိုပြီး မြန်မာနိုင်ငံအတွင်းက အမှန်တကယ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ထပ်ဟပ်နေတဲ့ ဖန်တီးမှုတွေ အများကြီး ပါလာတယ်လို့လည်း ဆုရွေးချယ်ရေးအဖွဲ့ဝင် ဒါရိုက်တာ ဏကြီးက ပြောပါတယ်။

“ဒီနှစ်မှာတော့ ကျနော် အရမ်းဝမ်းသာတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ မြင်ချင်တဲ့ စတိုရီအပိုင်းတွေ ပါလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်နှစ်တွေကဆိုရင် နယ်စပ်က Filmmaker တွေများတယ်။ ဒီနှစ်မှာတော့ လုံးဝပြည်တွင်းထဲက တကယ်ကို Risk အရမ်းများတယ်။ ဒါပေမဲ့ မရရအောင် ရိုက်ထားတဲ့ Documentary တွေ အများကြီး ပါလာတယ်။ အဲဒီတော့ မြန်မာနိုင်ငံထဲမှာ တကယ် ဘာဖြစ်နေသလဲဆိုတဲ့ အကြောင်းအရာတွေဟာ ပေါ်ထွက်လာတယ်။၊ ဒါဟာ ဒီနှစ်ပြိုင်ပွဲရဲ့ ထူးခြားမှု တစ်ခုလို့ ထင်ပါတယ်။”

မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေတွေအကြောင်းကို မှတ်တမ်းယူရိုက်ကူးခဲ့ကြတဲ့ ဒီ ၁၀ ကားကို ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ဒီဗွီဘီရုပ်သံကနေ အပတ်စဉ် ထုတ်လွှင့်ပြသနေသလို ယူကျူ Playlist လင့်ခ် —  

မှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ် ရုပ်သံမှတ်တမ်း ပြိုင်ပွဲမှာ ဒါရိုက်တာ Creatio က ဖန်တီးရိုက်ကူးတဲ့ ကရင်နီဒေသက စစ်ပြေးသံသရာမှာ လည်နေတဲ့ ဒေသခံတွေရဲ့ ဘဝပုံရိပ်ကို ဖန်တီးထားတဲ့ XYZ and then A က ဒီဗွီဘီရဲ့  ၂၀၂၂ ခုနှစ် ရုပ်သံမှတ်တမ်းတိုဆုကို ရရှိခဲ့ပါတယ်။

အခုနှစ် ရုပ်သံမှတ်တမ်းတို ပြိုင်ပွဲဝင်ခွင့်ရ ၁၀ ကား  

၁။ Will there be a Tomorrow?

၂။ Two Sides

၃။ Is it a Problem?

၄။ Rachel

၅။ My Notes to Spring

၆။  A Revolutionary Mother

၇။ The Watchdog

၈။ A Step to Home

၉။ Along the River

၁၀။ Page number 23: Yangon

အောက်ပါ Link ကနေသွားရောက်မဲပေးနိုင်ပါတယ်။

https://www.surveymonkey.com/r/QWKJMHM

အောက်ပါ QR code မှာ  scanning လုပ်ပြီး မိမိအကြိုက်နှစ်သက်ဆုံး ရုပ်သံမှတ်တမ်းတိုကို ရွေးချယ် မဲပေးနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013