DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ဖိလစ်ပိုင်၊ ဩစတြေးလျသို့ တင်ပို့မည့် အိုက်စ်မူးယစ်ဆေး အလေးချိန် ၂ တန် ဖမ်းမိ 
DVB
·
December 6, 2023
ထိုင်းတွင် ဖိလစ်ပိုင်၊ ဩစတြေးလျသို့ တင်ပို့မည့် အိုက်စ်မူးယစ်ဆေး အလေးချိန် ၂ တန် ဖမ်းမိ 
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ချချိန်းဆောင်းခရိုင် ဘန်ပကုန်းမြို့နယ်ထဲမှာ ဖိလစ်ပိုင်၊ ဩစတြေးလျ အစရှိတဲ့ နိုင်ငံခြားတိုင်းပြည်တွေကို ဆက်လက်တင်ပို့မယ့် အိုက်စ်မူးယစ်ဆေး ကီလိုဂရမ် ၂၀၀၀ (၂ တန်) ကို ဖမ်းဆီးရမိတယ်လို့  ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။ 

နယ်မြေထဲမှာ မူးယစ်ဆေးဝါးအချီကြီး သယ်ဆောင်ဖို့ရှိ‌ကြောင်း ကြိုတင်သတင်းရတဲ့အတွက် အချိန်ယူ စုံစမ်းထောက်လှမ်းပြီး ဒီဇင်ဘာ ၅ ရက်ညက ဘန်ပကုန်းမြို့နယ် ဘန်ပကုန်းအုပ်စုရှိ ရုန်းလိတ်လှေဆိပ်မှာ ကမ်းကထွက်ခွာဖို့ အဆင်သင့်နေတဲ့ ဆွဲလှေကြီး ၁ စီးပေါ်ကနေ အဆိုပါမူးယစ်ဆေးတွေ ဖမ်းဆီးရမိတာလို့ ခရိုင်မူးယစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

လှေကြီးပေါ်မှာ လှေသား ၁၅ ဦးပါဝင်ပြီး  အင်အား ၁၀၀ ကျော်ပါ အဖွဲ့စုံက တာဝန်ရှိသူတွေ လာရောက်စစ်ဆေးတာကိုတွေ့တော့ ရေထဲကို ခုန်ချထွက်‌ပြေးဖို့ ကြိုးစားခဲ့ကြကြောင်း၊ ဒါကြောင့် ရေတပ်က ရေထဲ လိုက်ခုန်ဆင်းပြီး လိုက်ဖမ်းခဲ့သလို မူးယစ်ရဲတပ်ဖွဲ့ကလည်း လှေပေါ်တက်ရောက် စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။ 

စစ်ဆေးချက်အရ လှေဝမ်းဗိုက်ထဲမှာ သစ်သီးခြောက်အထုပ်တွေအောက်က ကတ္ထူဖာအထုတ် ၉၀ တွေ့ရှိကြောင်း၊ အဲဒီထဲမှာ စုစုပေါင်းအလေးချိန် ၂၀၀၀ ကီလိုဂရမ် (၂ တန်) ရှိ အိုက်စ်မူးယစ်ဆေးတွေ တွေ့ရှိတာလို့ ဆိုပါတယ်။ 

အဆိုပါမူးယစ်ဆေးတွေဟာ နိုင်ငံကူးသင်္ဘောတွေဆီ သွားရောက် ပို့ဆောင်ပေးဖို့ဖြစ်ပြီး အဲဒီကနေတဆင့် ဖိလစ်ပိုင်၊ ဩစတြေးလျ အစရှိတဲ့ နိုင်ငံခြားတိုင်းပြည်တွေဆီ ဆက်လက်တင်ပို့ ရောင်းချဖို့ဖြစ်တယ်လို့ ဆိုပါတယ် ။ 

တာဝန်ရှိသူတွေဟာ  လှေသား ၁၅ ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး နောက်က အဓိကကြိုးကိုင်နေတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် ပုဂ္ဂိုလ်တွေကို ဆက်လက်စုံစမ်း ဖမ်းဆီး အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ကိုးကား - thaipbs

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013