DVB Logo
Home
Lead Story
ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံရန် လျှောက်ထားသူ ၃၀ ကျော်
DVB
·
August 20, 2014
ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံရန် လျှောက်ထားသူ ၃၀ ကျော်
Donate to DVB

မကြာခင် အကောင်အထည် ဖော်တော့မယ့် ရခိုင်ပြည်နယ် ကျောက်ဖြူ အထူး စီးပွားရေးဇုန်မှာ ၀င်ရောက် ရင်းနှီးမြှုပ်နှံဖို့ လျှောက်ထားတဲ့ ပြည်တွင်းနဲ့ ပြည်ပကုမ္ပဏီ ၃၀ ကျော်ပြီလို့ စီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ တာဝန်ရှိသူတယောက်က ပြောပါတယ်။

Kyauk Phyu2သြဂုတ် ၁၉ ရက် ရန်ကုန် ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းရုံးချုပ် (ယူအမ်အက်ဖ်စီစီအိုင်) မှာ ကျင်းပတဲ့ မြန်မာနဲ့ တရုတ် အထွေထွေကုန်သည်ကြီးများ အသင်း အစည်းအဝေးပွဲမှာ စိတ်ဝင်စားတဲ့ တရုတ်လုပ်ငန်းရှင်တွေကို သူက ခုလို ပြောလိုက်တာပါ။

ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရာမှာ အဆင့် ၂ ဆင့် သတ်မှတ်ထားကြောင်း ပထမအဆင့်ဟာ
စိတ်ဝင်စားမှု လျှောက်လွှာ(အီးအိုအိုင်) ဖြစ်တဲ့အကြောင်း၊ ဒုတိယအဆင့်ကတော့ အသေးစိတ် လုပ်ငန်းအစီအစဉ်(အာရ်အက်ဖ်အီး) တင်ပြရမှာဖြစ်ကြောင်း၊ ၂ မျိုးစလုံးကို တပြိုင်တည်း လျှောက်ထားတာ ဖြစ်စေ၊ တဆင့်ပြီး တဆင့် လျှောက်ထားတာ ဖြစ်စေ လုပ်လို့ရတဲ့အကြောင်း သူက တရုတ်လုပ်ငန်းရှင်တွေကို ရှင်းပြခဲ့ပါတယ်။

စိတ်ဝင်စားမှု လျှောက်လွှာ(အီးအိုအိုင်)ကိုတော့ အခု လာမယ့် သြဂုတ် ၂၅ ရက် နောက်ဆုံးထား တင်ပြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013