DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၆ ဦး ဖမ်း‌ဆီးခံရ
DVB
·
December 5, 2023
မဲဆောက်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၆ ဦး ဖမ်း‌ဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ တရားမဝင်‌ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်ကြီးကြပ်ရေးဌာနက နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မဲဆောက်မြို့၊ ဘန်ဟွေဟေဖင်ကျေးရွာရှိ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး တားဆီးနှိမ်နင်းရေးဂိတ်မှာ ဒီဇင်ဘာ ၄ ရက် နေ့လယ် ၁၁ နာရီခွဲက ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ဖမ်းဆီးရမိခဲ့ပါတယ်။

တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ မှုခင်းနှိမ်နင်းရေး အရာရှိတွေဟာ နယ်မြေလုံခြုံရေး အရာရှိတွေနဲ့ ပူးပေါင်းပြီး ‌မဲဆောက်မြို့အတွင်း လိုက်လံကြည့်ရှု စစ်‌ဆေးနေစဉ် နေ့လယ် ၁ နာရီခန့်က အမှတ် ၂ ဈေးနားမှာ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

မြန်မာအရေး ကူညီဆောင်ရွက်ပေးနေသူတဦးက “တိုက်ပွဲအခြေအနေတွေကြောင့် MOU စနစ်နဲ့ ထိုင်းကိုလာလို့ မရတော့တာကြောင့် တရားမဝင် ဝင်တဲ့သူတွေက ဒီရက်ပိုင်းမှာ ပိုများလာတယ်။ ၁၀ ရက်အတွင်း မဲဆောက်မြို့တခုတည်းမှာကို မြန်မာ ၁၀၀ လောက် ဖမ်းခံခဲ့ရတယ်။ စားဝတ်နေရေး ကျပ်တည်းတော့လည်း ထွက်ပေါက်က နိုင်ငံခြားထွက်ကြတာ” လို့ ပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၆ ဦးကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးမှာ ထိန်းသိမ်းထားပြီး တရားမဝင် ဝင်ရောက်မှု ပုဒ်မ ၂၂ အရ အရေးယူဆောင်ရွက်သွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးသွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ကြေညာခဲ့ပြီး ၂ လအတွင်း မြန်မာနိုင်ငံသား ၂၀၀ ကျော် ၃၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013