DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် အရက်နှင့် ရေသန့်စက်ရုံ မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ
DVB
·
December 5, 2023
နေပြည်တော်တွင် အရက်နှင့် ရေသန့်စက်ရုံ မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ
Donate to DVB

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပတ္တာကျေးရွာရှိ “လင်း” သောက်ရေသန့်နဲ့ အရက်ချက်စက်ရုံမှာ ဒီဇင်ဘာ ၅ ရက် မနက် ၉ နာရီခွဲလောက်က Level 2 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ‌၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

မီးလောင်မှုဖြစ်ပြီး နာရီဝက်ကျော်အကြာမှာ မီးသတ်ဌာနကို အနီးအနားနေသူတွေက ဖုန်းဆက်အကြောင်းကြားခဲ့တာဖြစ်ပြီး လယ်ဝေးမြို့နယ်မီးသတ်နဲ့ သက်ဆိုင်ရာမီးသတ်၊ အရပ်ဘက်အသင်းတွေက ထွက်ခွာ ငြှိမ်းသတ်ခဲ့ကြပါတယ်။

မီးငြှိမ်းသတ်‌နေကြတဲ့ အချိန်အတွင်း အရက်ဆီဘွိုင်လာ ၃ လုံး ပေါက်ကွဲခဲ့တာကြောင့် အသက် ၃၀ ဝန်းကျင် စက်ရုံဝန်ထမ်း အမျိုးသားတဦးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တဦးတို့ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အရပ်ဘက်ကယ်ဆယ်ရေးအသင်းဝင်တဦးက “မီးက ၉ နာရီခွဲလောက်ကတည်းက လောင်နေတာကို ကြိတ်ငြှိမ်းနေတာ။ ရေသန့်စက်ရုံဆိုပေမဲ့ အတွင်းမှာ အရက်ဆီတိုင်ကီတွေ ဘွိုင်လာတွေရှိတယ်။ စက်ရုံဝန်ထမ်းတဦးက မီးလောင်နေတဲ့ အရက်ဆီကို ရေနဲ့ လှမ်းပတ်လိုက်တာ သူ့တကိုယ်လုံးနီးပါး လောင်သွားတယ်။ မီးသတ်တဦးလည်း မီးလောင်ဒဏ်ရာ ရသွားပါတယ်။ သာမန် ပြတ်ရှထိခိုက်မိသူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

မီးတောက်အားကောင်းနေတာကြောင့် ၁၀ နာရီ ၂၅ မိနစ်လောက်မှာ Level 2 ကို ဆင့်ခေါ်ခဲ့ကြရပြီး ဆက်လက်ငြှိမ်းသတ်ခဲ့ရာ မနက် ၁၀ နာရီ မိနစ် ၅၀ လောက်မှာ မီးထိန်းနိုင်၊ ၁၁ နာရီမှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

မီးလောင်မှုကြောင့် ပေ ၁၀၀ ပတ်လည်ရှိတဲ့ သွပ်မိုး အုတ်အဆောက်အဦ စက်ရုံတခုလုံးနဲ့ အတွင်းပိုင်း ရေသန့်ပစ္စည်း၊ အရက်ချက်ဘွိုင်လာ‌တွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသွားတဲ့ အမျိုးသား ၂ ဦးကို ‌လယ်ဝေးမြို့နယ် ခုတင် ၁၀၀ ဆေးရုံကို မိုးစေတနာအသင်းယာဉ်နဲ့ ပို့ဆောင်ပေးထားပြီး မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးတန်ဖိုးကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့က စစ်ဆေးတွက်ချက်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013