Home
အနုပညာ
အိုလီဗီယာရိုဒရီဂိုနှင့် နာမည်ကျော်များ ဖျော်ဖြေခဲ့ကြသည့် iHeartRadio ဂီတည
DVB
·
December 5, 2023

နာမည်ကြီး iHeartRadio က တင်ဆက်တဲ့ အမေရိကန်နယ်လှည့် ဂီတဖျော်ဖြေပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်က ကယ်လီဖိုးနီးယားပြည်နယ်ထဲက အင်ဂယ်လ်ဝုဒ်မြို့မှာ ကျင်းပခဲ့ပြီး အဆိုတော် အိုလီဗီယာ ရိုဒရီဂို အပါအဝင် နာမည်ကျော်တွေ တက်ရောက်ဖျော်ဖြေခဲ့ကြပါတယ်။

ဒီပွဲမှာတော့ အိုလီဗီယာ ရိုဒရီဂိုက အခုလက်ရှိ ရုံတင်ပြသနေတဲ့ ရုံတင်နာမည်ကြီး ရုပ်ရှင် The Hunger Games: The Ballad of Songbirds & Snakes ထဲက ဇာတ်ဝင်တေးတပုဒ်ဖြစ်တဲ့ Can’t Catch Me Now နဲ့ ပွဲဦးထွက် ဖျော်ဖြေခဲ့တာကို တွေ့ရပါတယ်။

အဆိုတော်အိုလီဗီယာ ရိုဒရီဂိုက “ဒါဆို The Hunger Games ရုပ်ရှင်ကို တယောက်ယောက် ကြည့်ပြီးကြပြီလား။ အခုနှစ်မှာ ထွက်ရှိလာတဲ့ ဒီရုပ်ရှင်ကားရဲ့ ဇာတ်ဝင်သီချင်းတပုဒ်ကို ရေးခွင့်ရတဲ့အတွက် ကျမအတွက်တော့ တကယ့်ကံကောင်းမှုပါပဲ” လို့ မဖျော်ဖြေခင်မှာ ပရိသတ်တွေကို ပြောလိုက်ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အိုလီဗီယာ ရိုဒရီဂိုဟာ Can’t Catch Me Now  သီချင်းကို ကိုယ်တိုင်ရေးသား သီဆိုခဲ့ပြီး ဒီသီချင်းဟာ Billboard Hot 100 စာရင်းမှာ နံပါတ် ၅၆ နေရာမှာ ရှိနေတာပါ။

ဒီဖျော်ဖြေပွဲမှာ အဆိုတော်ဟာ သူ့ရဲ့ နောက်ဆုံးထွက် တေးအယ်လ်ဘမ် Guts ထဲက သီချင်းတွေဖြစ်တဲ့ All-American Bitch ၊ Get Him Back! ၊ Vampire စတဲ့ သီချင်းတွေအပြင် သူ့ရဲ့ ပွဲဦးထွက် တေးအယ်လ်ဘမ် Sour ထဲက Deja Vu ၊ Drivers License ၊ Brutal နဲ့ Good 4 U စတဲ့ သီချင်းတွေနဲ့လည်း ဖျော်ဖြေသွားခဲ့ပါတယ်။

ဒါ့အပြင် ဒီဂီတဖျော်ဖြေပွဲမှာ အိုလီဗီယာ ရိုဒရီဂိုနဲ့အတူ နာမည်ကျော်အဆိုတော်တွေ ဖြစ်ကြတဲ့ ဆာဘရီနာ ကာပင်တာ၊ နေးလ်ဟော်ရန်၊ ဖလော်ရီဒါနဲ့ တခြားသော အဆိုတော်တွေ အများကြီး ပါဝင်ဖျော်ဖြေခဲ့ကြတာကို တွေ့ရပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024