DVB Logo
Home
Lead Story
မင်္ဂလာဒုံ စက်မှုဇုန်ကနေ ၁၈ နှစ်အတွင်း နိုင်ငံဘဏ္ဍာငွေ ၇ သန်းကျော် ရ
DVB
·
August 20, 2014
မင်္ဂလာဒုံ စက်မှုဇုန်ကနေ ၁၈ နှစ်အတွင်း နိုင်ငံဘဏ္ဍာငွေ ၇ သန်းကျော် ရ
Donate to DVB

Industry-Zone1ကုမ္ပဏီ ၁၀ ခု လုပ်ငန်း လည်ပတ်နေတဲ့ မင်္ဂလာဒုံစက်မှုဇုန်ဟာ ၁၈ နှစ်အတွင်း နိုင်ငံဘဏ္ဍာအတွက် ဒေါ်လာ ၇ သန်းကျော် ၀င်ငွေ ရှာဖွေပေးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောပါတယ်။

သြဂုတ် ၁၆ ရက်နေ့က မင်္ဂလာဒုံ စက်မှုဇုန် ရှင်းလင်းဆောင်မှာ စက်မှုလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ် သူက ခုလို ပြောလိုက်တာလို့ အစိုးရ သတင်းစဉ်က ဖော်ပြပါတယ်။

၁၉၉၆ ခုနှစ်ကတည်းက စပြီး မြေဧက ၂၂၀ ကျော်ပေါ်မှာ အကောင်အထည် ဖော်ခဲ့တဲ့ မင်္ဂလာဒုံစက်မှုဇုန်မှာ စက်မှုလုပ်ငန်း ၁၀ ခု ရှိပြီး အလုပ်သမား ၁ သောင်းကျော် အလုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု လေ့လာရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်ဌေးကတော့ စက်မှုဇုန် တခုကနေ နိုင်ငံ့ဘဏ္ဍာအဖြစ် ၁ နှစ် ဒေါ်လာ ၄ သိန်းကျော် ၁ လ ဒေါ်လာ ၃ သောင်းကျော်ပဲ ၀င်ငွေရတယ် ဆိုတာ အလွန်နည်းကြောင်း ဝေဖန်ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013