DVB Logo
Home
Lead Story
သီလ၀ါ ဇုန် မြေ ပျမ်းမျှ ၁ ဧက ကျပ် သိန်း ၂၇၀၀ ၀န်းကျင်ပေါက်
DVB
·
August 20, 2014
သီလ၀ါ ဇုန် မြေ ပျမ်းမျှ ၁ ဧက ကျပ် သိန်း ၂၇၀၀ ၀န်းကျင်ပေါက်
Donate to DVB

[caption id="attachment_47770" align="alignright" width="300"]သီလ၀ါ အထူးစီးပွားရေးဇုန် သီလ၀ါ အထူးစီးပွားရေးဇုန်[/caption]သီလ၀ါ အထူးစီးပွားရေးဇုန်က မြေနေရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ရောင်းချပေးရာမှာ ပျမ်းမျှ တဧက ကျပ်သိန်း ၂၇၀၀ လောက်ရှိပြီး ဒါဟာ ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန်တွေက မြေဈေးထက် ၄၀ ရာခိုင်နှုန်းလောက် နည်းပါတယ်လို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်း(ယူအမ်အက်ဖ်စီစီအိုင်)ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။

သြဂုတ် ၁၈ ရက်နေ့က ရန်ကုန် ယူအမ်အက်ဖ်စီစီအိုင်အသင်းရုံးချုပ်မှာ ကျင်းပတဲ့ တရုတ်နဲ့ မြန်မာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲမှာ သူက ခုလို ပြောလိုက်တာပါ။

လက်ရှိ သီလ၀ါအထူးစီးပွားရေးဇုန်က ဧက ၉၀၀ ကျော်ရှိတဲ့ ဇုန်(အေ) ကို စတင်ရောင်းချနေတာဖြစ်ပြီး ရောင်းလိုအားထက် ၀ယ်လိုအားက ပိုများတယ်လို့ သူက ဆိုပါတယ်။

စီးပွားရေးဇုန်အတွင်း မြေကွက် ၀ယ်ရောင်းတာမျိုး မဖြစ်စေဖို့အတွက် ၀ယ်ယူလိုတဲ့သူတွေဟာ လုပ်ကိုင်မယ့် လုပ်ငန်း အစီအစဉ်နဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ အပါအ၀င် လုပ်ငန်းဇယား ဖော်ပြဖို့ စည်းကမ်းထုတ်ထားတယ်လို့ ဦးဝင်းအောင်က ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013