DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်မှာ တရက်အလုပ်သမား ၈၀၀ လောက် လက်မှတ် လုပ်ပေးနေ
DVB
·
August 20, 2014
ချင်းမိုင်မှာ တရက်အလုပ်သမား ၈၀၀ လောက် လက်မှတ် လုပ်ပေးနေ
Donate to DVB

ထိုင်းစစ်တပ်က ဦးဆောင်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က အထောက်အထားမရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အလုပ်သမားကတ်လုပ်ပေးနေရာမှာ တရက်ကို အလုပ်သမား ၈၀၀ လောက်ထိ နေ့ချင်းပြီး လုပ်ဆောင်ပေးနေပါတယ်။

Making Workpermit19082014ချင်းမိုင်မြို့ကနေ ကီလိုမီတာ ၂၀ လောက်ဝေးတဲ့ ဒွိုင်စခတ်ခရိုင်ရှိ ကျောင်းအဟောင်း အဆောက်အဦ၀င်းထဲက ၃ ထပ်တိုက်အဆောက်အဦကို မနက် ၉ နာရီခွဲလောက် ကျနော် ရောက်သွားတော့ အလုပ်သမားကတ်လာလုပ်တဲ့ ရွှေ့ပြောင်းလုပ်သမားတွေနဲ့ လုပ်ပေးမယ့် ထိုင်းအစိုးရ၀န်ထမ်းတွေနဲ့ စည်နေပါပြီ။

တချိန်တည်းမှာပဲ အလုပ်သမားကတ်လုပ်ကြမယ့် အလုပ်သမားတွေကို တင်ဆောင်လာတဲ့ အလုပ်ရှင်ကားတွေလည်း သန့်ရှင်းသပ်ရပ်ကျယ်ဝန်းတဲ့ ကျောင်းဝင်းထဲကို တဖွဲဖွဲဝင်လာနေကြတာ တွေ့ရပါတယ်။

အလုပ်သမားကတ် လုပ်တဲ့နေရာမှာ ထိုင်းစစ်သားတွေ ၀င်ရောက်ကြပ်မတ် လုပ်ဆောင်ပေးနေတာ ဖြစ်ပြီး အထူးသဖြင့် အဆောက်အဦလုံခြုံရေးနဲ့ အလုပ်သမားကတ် လုပ်တဲ့နေရာမှာ စနစ်တကျ တန်းစီပြီး လုပ်နိုင်အောင် ၀ိုင်းဝန်းကူညီ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

လုပ်ငန်းစဉ်ကို ထိုင်းအလုပ်ရှင်တွေ ပြုစုတင်ပြထားတဲ့ အလုပ်သမားစာရင်း စစ်ဆေးတာနဲ့ စတင်ပါတယ်။ အလုပ်ရှင်တဦးကို တနေ့ အလုပ်သမား အယောက် ၃၀ ခေါ်ဆောင်ပြီး ကတ်လုပ်ပေးတယ် လို့ အလုပ်ရှင်တဦးက ပြောပါတယ်။

စာရင်းနဲ့ လာလုပ်တဲ့အလုပ်သမား တိုက်ဆိုင်စစ်ဆေးပြီးရင် အလုပ်သမားတွေ တဦးချင်းစီကို ကိုယ်ရေးအချက်ပါ စာရွက်စာတမ်းနဲ့ ကတ်နံပတ်တပ်ဆင်ပေးလိုက်ပြီး ကျန်တဲ့လုပ်ငန်းအဆင့်ဆင့်ကို ဆက်လက်လုပ်ဆောင်ရပါတယ်။

အလုပ်သမားလက်မှတ် လာလုပ်တဲ့ မြန်မာပြည်ဖွားတိုင်းရင်းသား အလုပ်သမားတယောက် ပြောပြသွားတာဖြစ်ပြီး သူပြောတာက ပထမဆုံး အဆောက်အဦးအောက်ထပ်မှာ ပေါင်ချိန်၊ သွေးတိုင်း၊ ဆီးစစ်၊ ဓာတ်မှန်ရိုက်ရတယ်။ ပြီးတော့ အဆောက်အဦး ၃ ထပ်ကိုတက်ပြီး အလုပ်သမားစာရင်းသွင်း၊ လက်ဗွေနှိပ်၊ ဓာတ်ပုံရိုက်ပြီးတော့ တခါ သွေးဖောက်စစ်၊ ကျန်းမားရေးစစ်ဆေးမှု ထပ်လုပ်၊ နောက်ဆုံး ရုံးခန်းရောက်တော့ စစ်ဆေးချက်တွေ အားလုံးပါတဲ့ စာရွက်စာတမ်းတွေကို ပေးလိုက်ရပြီး သိပ်မကြာခင်မှာ ပန်းရောင်အလုပ်သမားကတ် ရပါတယ်။ ဒီလို ဖြစ်ပါတယ်။

ကတ်လုပ်ပေးတဲ့ လုပ်ငန်းစဉ်တခုလုံးမှာ ဓာတ်မှန်စက် တလုံးပဲရှိတာကြောင့် ဓာတ်မှန်ရိုက်ဖို့ စောင့်ဆိုင်းရတာ အချိန်အကြာဆုံး ဖြစ်ပြီး အစအဆုံး ၄ နာရီလောက်ကြာအောင် လုပ်ရတာမို့ သွားတာ လာတာနဲ့ တနေကုန်တာပါပဲလို့ အလုပ်သမားတွေက ပြောကြပါတယ်။

မြန်မာပြည်က အလုပ်သမားတွေချည်း ကတ်လာလုပ်ကြတာဖြစ်ပြီး တိုင်းရင်းသားဘာသာစကား၊ ထိုင်းစကားတို့ပဲ ပြောတတ်ကြပါတယ်။ မြန်မာစကားကို တချို့တလေပဲ ပြောတတ်ကြတာ တွေ့ရပါတယ်။

အလုပ်သမားကတ် လာလုပ်ကြတဲ့ အလုပ်သမား ၈၀၀ လောက်ကို ထိုင်းစစ်သား အပါအ၀င် ၀န်ထမ်း ၅၀ လောက်က ဒိုင်ခံလုပ်ပေးနေတာဖြစ်ပြီး သူတို့ ချိန်းဆိုထားတဲ့ အလုပ်သမားအရေအတွက်အတိုင်း တနေ့တည်း အားလုံးပြီးစီးအောင် လုပ်ဆောင်ပေးတယ်လို့ ဦးစီးလုပ်ဆောင်ပေးနေတဲ့ ထိုင်းစစ်တပ် တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီ ဒွိုင်စခတ်ရုံးကနေ ချင်းမိုင်ခရိုင်တခုလုံးမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်သမား လက်မှတ် လုပ်ပေးနေတာဖြစ်ပြီး ခရိုင်တခုလုံးမှာ မြန်မာရွှေပြောင်းအလုပ်သမား ၃ သိန်းနဲ့ ၄ သိန်း ကြား ရှိနိုင်တယ်လို့ မက်ပ်ဖောင်ဒေးရှင်းက ခန့်မှန်းပြောဆိုပါတယ်။

ဇွန်လ ၂၆ မှ သြဂုတ် ၆ ရက်ထိ တလခွဲလောက်ကာလအတွင်း ထိုင်းတနိုင်ငံလုံးရှိ မြန်မာအလုပ်သမား ၅ သိန်း ၄ သောင်းလောက် အလုပ်သမားလက်မှတ်လုပ်ခဲ့ကြတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013