DVB Logo
Home
ပညာရေး/နည်းပညာ
အမျိုးသားပညာရေးဥပဒေ ပြဋ္ဌာန်းချက်အချို့ အန်အန်အီးအာ ကန့်ကွက်
DVB
·
August 20, 2014
အမျိုးသားပညာရေးဥပဒေ ပြဋ္ဌာန်းချက်အချို့ အန်အန်အီးအာ ကန့်ကွက်
Donate to DVB

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက် တချို့ကို ကန့်ကွက်တယ်လို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (အန်အန်အီးအာ) က သြဂုတ် ၁၉ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

NNER 19th Aug 2014ဥပဒေပါ အမျိုးသားပညာရေးကော်မရှင်ဆိုတာနဲ့ တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဆိုတာတွေဟာ ဗဟိုချုပ်ကိုင်သလို ဖြစ်နေပြီး ဒီမိုကရေစီနည်းလမ်း မကျလို့ ကန့်ကွက်ကြောင်း ကွန်ရက်ပြောခွင့်ရ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

ဒါ့အပြင် ကျောင်းဆရာတွေ ကိုယ့်ကိုကိုယ် စီမံခန့်ခွဲနိုင်ချေရောက်မှ ဗဟိုချုပ်ကိုင်မှု လျော့ချမယ်ဆိုတဲ့အချက်၊ ကျောင်းသားတွေ လွတ်လပ်စွာအဖွဲ့ ဖွဲ့စည်းနိုင်ခွင့်လိုအချက်တွေ ဥပဒေမှာ မပါတာ စတဲ့ အချက်ပေါင်း ၉ ချက်ကို ကန့်ကွက်ခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်က အမျိုးသားပညာရေးဥပဒေကို ဇူလိုင် ၃၁ ရက်မှာ အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ထားပါတယ်။ သမ္မတက ၂၁ ရက်အတွင်း တစုံတရာ အကြောင်းမပြန်ရင် ဥပဒေက အတည်ဖြစ်မှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013