DVB Logo
Home
အားကစား
ကမ္ဘာ့ပိုဗီနမ်ပြိုင်ပွဲတွင် မြန်မာရွှေတံဆိပ်ဆု ၂ ဆုဆွတ်ခူး
DVB
·
December 4, 2023
ကမ္ဘာ့ပိုဗီနမ်ပြိုင်ပွဲတွင် မြန်မာရွှေတံဆိပ်ဆု ၂ ဆုဆွတ်ခူး
Donate to DVB

ဗီယက်နမ်နိုင်ငံက နိုဝင်ဘာ ၂၅ ရက်မှ ၃၀ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ၇ ကြိမ်မြောက်ကမ္ဘာ့ပိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာပိုဗီနမ်အဖွဲ့က ရွှေတံဆိပ်ဆု ၂ ခု ဆွတ်ခူးခဲ့ပါတယ်။

၇ ကြိမ်မြောက် ကမ္ဘာ့ပိုဗီနမ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၃၅ နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မြန်မာအသင်းက ရွှေတံဆိပ်ဆု ၂ ခု၊ ငွေတံဆိပ်ဆု ၃ ခုနဲ့ ကြေးတံဆိပ်ဆု ၉ ခု စုစုပေါင်း ဆုတံဆိပ် ၁၄ ခု ဆွတ်ခူးခဲ့ပါတယ်။

မြန်မာအားကစားအဖွဲ့အတွက်   ၅၁ ကီလိုတန်းအတိုက်ပြိုင်ပွဲမှ နှင်းသက်ဝေက ရွှေတံ‌ဆိပ်ဆု ၁ ဆုနဲ့ နဲ့ Pair Knife From Mail ပြိုင်ပွဲမှ  အောင်ခိုင်လင်းနဲ့ ဟိန်းထက်အောင်တို့အတွဲက ရွှေတံဆိပ်ဆုတဆု ဆွတ်ခူးခဲ့ပါတယ်။

ငွေတဆံဆိပ်ဆုတွေကို Ying Yang  Sword From Female ပြိုင်ပွဲမှ ဟိန်းထက်အောင်၊ Four Element Staff From ပြိုင်ပွဲမှ တင်ထူးဇော်နဲ့ အမျိုးသား ၃ ယောက် အမျိုးသမီး ၃ ယောက်ပြိုင်ပွဲမှတင်ထူးဇော်၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊ ချစ်နိုဒီဆောင်း၊ မေဟန်နီအောင်လွင်နဲ့ အိန္ဒြေဖူးတို့အဖွဲ့တို့က ဆွတ်ခူးခဲ့ပါတယ်။

Cross form female ပြိုင်ပွဲမှာ ချစ်နိုဒီဆောင်းက ကြေးတံဆိပ် ၁ ခု၊ ၅၄ ကီလိုတန်း အတိုက်ပြိုင်ပွဲမှာ မင်းမင်းထိုက်က ကြေးတံဆိပ်ဆု ၁ ခု၊ Ying Yang Sword Form Male ပြိုင်ပွဲမှာ  ဟိန်းထက်အောင်  ကြေးတံဆိပ်ဆု ၁ ဆု၊ Pair Knife Form Male ပြိုင်ပွဲမှာ  အောင်ခိုင်လင်း နဲ့ဟိန်းထက်အောင်တို့အတွဲက ကြေးတံဆိပ်  ၁ဆု၊ Pair Sword Form Male ပြိုင်ပွဲမှာ တင်ထူးဇော် နဲ့ ကျော်သူစိုးအောင် တို့အတွဲက ကြေးတံဆိပ်ဆု ၁ ဆု နဲ့ Female Self-Defense အပြပြိုင်ပွဲမှာ အောင်ခိုင်လင်း နဲ့ ချစ်နိုဒီဆောင်းတို့အတွဲ  ကြေးတံဆိပ်ဆု ၁ ဆုရရှိခဲ့ပါတယ်။

Male Multiple Training-01Male Athlete defends against 03 others with weapon ပြိုင်ပွဲမှာ အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်၊ တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ် ၁ ဆု၊  One Female Athlete Defense Against 3 Male Athlete With Weapon ပြိုင်ပွဲမှာ မေဟန်နီအောင်လွင်၊ အောင်ခိုင်လင်း၊ တင်ထူးဇော် နဲ့ ကျော်သူစိုးအောင်တို့အတွဲက ကြေးတံဆိပ် ၁ ဆုနဲ့ Male Yin Yan Sword Form Team 4 ပြိုင်ပွဲမှာ အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်နဲ့ တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ် ၁ ဆုရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013