DVB Logo
Home
နိုင်ငံတကာ
အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျကာကွယ်ရေးဝန်ကြီးများ ခေတ်မီစစ်ရေးနည်းပညာ အကြောင်း  ဆွေးနွေး
DVB
·
December 3, 2023
အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျကာကွယ်ရေးဝန်ကြီးများ ခေတ်မီစစ်ရေးနည်းပညာ အကြောင်း  ဆွေးနွေး
Donate to DVB

ခုသီတင်းပတ်အတွင်း ကျင်းပတဲ့ အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့ကြား ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ခေတ်မီစစ်ရေးနည်းပညာကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သုံးနိုင်ငံက ကာကွယ်ရေးဝန်ကြီးတွေက ဒီဇင်ဘာ ၁ ရက် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

AUKUS လို့ သိကြတဲ့ သုံးနိုင်ငံလုံခြုံရေး သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအနေနဲ့ နိုင်ငံတွေဟာ ကျနော်တို့ရဲ့ တိုက် လေယာဉ်တွေကို ကြားနိုင်၊ မြင်နိုင်၊ အဆုံးအဖြတ် ပေးနိုင်တဲ့ အားသာချက်တွေနဲ့ ဆောင်ရွက်နိုင်စေဖို့ အဆင့်မြင့် စွမ်းဆောင်ရည်တွေ ဖော်ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က ပြောပါတယ်။

"ဉာဏ်ရည်တု၊ အီလက် ထရွန်းနစ်စစ်ပွဲနှင့် ကွမ်တမ်နည်းပညာတို့အပါအဝင် နယ်ပယ်အ များအပြားမှာ ဆော့ဖ်ဝဲလ်တီထွင်ရေးလုပ်ငန်းမှာ ရနိုင်တဲ့ နောက်ဆုံးပေါ် အဆင့်မြင့်ဆုံး နည်းပညာ တွေနဲ့ ဆန်းသစ်တီထွင်နေတယ်”လို့လည်း အော်စတင်က ပြောခဲ့ပါတယ်။

သြစတြေးလျ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ရစ်ချတ်ဒ် မားလက်စ်က ခုလို တွေ့ဆုံတာ ဟာ ခေတ်မီနည်းပညာတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မျှဝေခြင်းအတွက် အရေးကြီးတဲ့ အခိုက်အတန့်ပဲ လို့ ပြောပါတယ်။

“နိုင်ငံ သုံးနိုင်ငံအနေနဲ့ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ နည်းပညာတွေကို ကြည့်တဲ့အခါ၊ သူတို့ဟာ သြစတြေးလျ ကာကွယ်ရေး တပ်ဖွဲ့ရဲ့ သီးခြား လိုအပ်ချက်တွေနဲ့ အလွန်သက်ဆိုင်ပါတယ်” လို့ မာလက်စ်က ပြောပါတယ်။

အင်ဒို-ပစိဖိတ်ဒေသတွင်းမှာ တရုတ်ရဲ့ ရည်မှန်းချက်တွေကို တန်ပြန်ရေးအတွက် သြစတြေးလျမှာ ၂၀၃၀ ခုနှစ်အစောပိုင်းက စပြီး နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေကို ပံ့ပိုးပေးရေး အစီအစဉ်ကို အမေရိကန်၊ သြစတြေးလျနဲ့ ဗြိတိန်တို့က မတ်လမှာ ကြေညာခဲ့ပါတယ်။

အဆင့်အများကြီးပါတဲ့ စီမံကိန်းဟာ ဗြိတိန်နဲ့ ဩစတေးလျနိုင်ငံတို့က ရေငုပ်သင်္ဘော အမျိုးအစားသစ် SSN-AUKUS ကို ထုတ်လုပ်ရေး၊ လည်ပတ်ရေးတို့ နဲ့အတူ ဗြိတိန်ရဲ့ မျိုးဆက်သစ် ဒီဇိုင်းကို အခြေခံပြီး ဗြိတိန်နဲ့ သြစတြေးလျမှာ တည်ဆောက်မယ့် နောက်ဆုံးပေါ် အဆင့်မြင့် အမေရိကန် နည်းပညာတွေ ပါဝင်မှာပါ။

သောကြာနေ့ အစောပိုင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သြစတြေးလျနိုင်ငံဆီ  ခန့်မှန်း ခြေ ဒေါ်လာ ၂ ဘီလီယံဖိုးရှိတဲ့ လေ့ကျင့်ရေးသင်တန်းတွေနဲ့ လေ့ကျင့်ရေး ကိရိယာတွေ ရောင်းချမှုကို အတည်ပြုခဲ့တယ်လို့  ပင်တဂွန် စစ်ဌာနချုပ်က ပြောခဲ့ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013