
နိုင်ပွဲရခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ သက်သောင့်သက်သာမဖြစ်ခဲ့တာကို အာဆင်နယ်နည်းပြအာတီတာ က မကျေမနပ်ဖြစ်ခဲ့ပါတယ်။
အာဆင်နယ်ဟာ အိမ်ကွင်းမှာ ဝုဗ်အသင်းကို အစောပိုင်းကတည်းက ၂ ဂိုး ပြတ်နဲ ဦးဆောင်နိုင်ခဲ့တာပါ။
ဒါပေမဲ့ ဂိုးသွင်းခွင့်တွေအများအပြား လွဲချော်ခဲ့ပြီးနောက် ပွဲချိန် ၈၆ မိနစ် မှာ ချေပဂိုးပေးလိုက်ရပြီး အနိုင်ရလဒ်အတွက် နောက်ဆုံးအချိန်အထိ ကြိုးပမ်းခဲ့ရတာပါ။
ပွဲကိုစိုးမိုး ကစားနိုင်ခဲ့တဲ့အပေါ် ကျေနပ်ပျော်ရွှင်မိပေမဲ့ ပိုပြီးသက်သောင့်သက်သာ ဖြစ်သင့်တဲ့အခြေအနေကို မထိန်းသိမ်းနိုင်ခဲ့ကတော့ ဖြေရှင်းသွားရမယ့်ကိစ္စဖြစ်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။
ဝုဗ်နဲ့ ပွဲစဉ်အတွက် တစ်ရက်ပဲ ပြင်ဆင်လေ့ကျင့်ချိန်ရခဲ့ပြီး ကစားသမားတွေရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်း ဆိုင်ရာအကောင်းဆုံးဖြစ်နေဖို့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။
အာဆင်နယ်ဟာ ဝုဗ်နဲ့ပွဲကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် မန်စီးတီးထက်တစ်ပွဲပိုကစားပြီး ၄ မှတ် ဖြတ်ကာ အဆင့်တစ်နေရာမှာဆက်လက် ဦးဆောင်ထားပါတယ်။
Photo - Reuters










