DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်၊ ပြည်သူများထိခိုက်သေဆုံး
DVB
·
December 2, 2023
ကော့ကရိတ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်၊ ပြည်သူများထိခိုက်သေဆုံး
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းနဲ့ မြို့ပြင်နေရာတွေကို ဒီဇင်ဘာ ၂ ရက်နေ့ မနက်ပိုင်းကစလို့ စစ်ကောင်စီက လေကြောင်းကနေ အဆက်မပြတ်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူဆီက သိရပါတယ်။

ဒီဇင်ဘာ ၁ ရက် မနက် ၅ နာရီလောက်ကစတင်ပြီး   စစ်ကောင်စီတပ်နဲ့ K.N.L.A ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်းနေတာဖြစ်ပြီး လေကြောင်းကနေ တိုက်ခိုက်ရေးလေယာဉ်အပြင် Drone တွေနဲ့ အဆက်မပြတ် ပစ်ကူပေး တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက “ဒီမနက် အစောပိုင်းတည်းက လေကြောင်းကပတ်ပြီး ပစ်နေတယ်။ မြို့တွင်းမြို့ပြင် အကုန်ပစ်နေတယ်။ တိုက်ပွဲက ပြင်းထန်နေတယ်။ လောလောဆယ် ဒီလောက်ပဲပြောနိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဝင်းကြီး ကွက်သစ်အတွင်းက ပြည်သူ ၃ ယောက် ထိမှန်သေဆုံးပြီး မြို့တွင်းနဲ့  မြို့ပြင် အနီးအနား ကျေးရွာတွေမှာလည်း ထိခိုက်သေဆုံးသူတွေရှိတဲ့အပြင် ပိတ်မိနေတဲ့ ပြည်သူတွေလည်း ရှိတယ်လို့  ဒေသခံတွေက ပြောပါတယ်။

အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတဲ့အခြေအနေကို မြို့ခံလူမှုကူညီရေးအသင်းကို ဆက်သွယ်မေးမြန်းဖို့ ဒီဗွီဘီက ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီဇင်ဘာ ၁ ရက် မနက်ပိုင်းမှာ ကော့ကရိတ်မြို့တွင်းကို လေကြောင်းကနေဗုံး ၁ လုံး ကြဲချခဲ့ပြီးနောက် မနက် ၅  နာရီလောက်ကစတင်ပြီး ဝင်းကြီးအနောက်၊ သပြေကုန်း၊ မြို့တော်ဦး၊ အမှတ် ၁ ချောင်းတောင်(မြေစာရင်းရုံး) မြို့အဝင်ကြာပန်းအဝိုင်းနဲ့ ခနိမ့်မူ၊ ကော့နွဲကျေးရွာမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

တိုက်ပွဲစတင်တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာတွေကြောင့် ကော့ကရိတ်မြို့ ဌာနဆိုင်ရာရုံးတချို့၊ ပြည်သူပိုင်နေအိမ်တွေနဲ့  ရပ်နားထားတဲ့ ကုန်တင်ယာဉ်တချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့က စတင်ပြီး မြဝတီမြို့နယ် သင်္ကန်းညီနောင် ရဲစခန်းကို KNLA ကော်ဘရာ ပူးပေါင်းစစ်ကြောင်းတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့  တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေဆီက သိရပါတယ်။

ကရင်ပြည်နယ် ဒါ့အပြင် ကော့ကရိတ်တိုက်ပွဲမှာ ပိတ်မိနေတဲ့ ကုန်တင်ကားတချို့လည်း လက်နက်ကြီးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့သလို မြို့အဝင် ကြာပန်းအဝိုင်း နားမှာ ပိတ်မိနေတဲ့ ကုန်တင်ယာဉ်မောင်း ၁ ယောက် သေဆုံးခဲ့တယ်လို့ ကုန်တင်ယာဉ်မောင်းတွေ ဆီကနေ သိရပါတယ်။

တိုက်ပွဲပြင်းထန်နေခဲ့တာကြောင့် တိုက်ပွဲအတွင်းပိတ်မိနေတဲ့ ဒေသခံတွေနဲ့ ကုန်တင်ယာဉ် ကားသမားတွေ ဒါဇင်နဲ့ချီ ရှိနေပါတယ်။

ဒီဇင်ဘာ  ၁ရက်နေ့က ကော့ကရိတ်မြို့တွင်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ကူတွေ ဆက်တိုက်ပစ်ခတ်သောကြောင့် ပြည်သူ ၅ ယောက် သေဆုံးခဲ့တယ်လို့လည်း ဒေသတွင်း သတင်းအရင်းမြစ်တွေဆီကနေ သိရပါတယ်။

လက်ရှိမှာတော့ ကော့ကရိတ်ကနေ ၉ တိုင်အထိ PDF တွေက ထိန်းချုပ်ထားသလို အာရှလမ်းပေါ်မှာ ကားတွေထိမှန်တာလည်းရှိပြီး  တိုက်ပွဲထဲမှာ ပိတ်မိနေတုန်းပဲလို ကားသမားတွေဆီကနေ သိရပါတယ်။

photo- KNU

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013