DVB Logo
Home
မြန်မာသတင်း
၁၀ လအတွင်း ဧရာဝတီတိုင်းက နေအိမ် အလုံး ၃၀၀ ကျော် ချိပ်ပိတ်ခံရ
DVB
·
December 2, 2023
၁၀ လအတွင်း ဧရာဝတီတိုင်းက နေအိမ် အလုံး ၃၀၀ ကျော် ချိပ်ပိတ်ခံရ
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၁၀ လအတွင်း နေအိမ် အလုံး ၃၀၀ ကျော်ကို စစ်ကောင်စီက ချိပ်ပိတ် သိမ်းဆည်းခဲ့ပြီး NLD ပါတီဝင်တွေနဲ့ CDM ပညာရေးဝန်ထမ်းတွေရဲ့ နေအိမ်တွေ အများဆုံးပါတယ်လို့ ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ အောက်တိုဘာလကုန်ပိုင်းထိ လူနေအိမ် ၃၀၈ လုံး ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတာဖြစ်ပြီး NLD ပါတီဝင် ၁၈၂ ယောက်ရဲ့ နေအိမ် ၁၈၂ လုံး၊ CDM ပညာရေးဝန်ထမ်း ၁၀၇ ယောက်ရဲ့ နေအိမ် ၁၀၇ လုံးနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၁၉ ယောက်ရဲ့ နေအိမ် ၁၉ လုံးတို့ ဖြစ်ပါတယ်။

အိမ် ချိပ်ပိတ်ခံရတဲ့ ဒေသခံတယောက်က “စစ်ကောင်စီရဲ့ ချိပ်ပိတ်ချက်ကတော့ ကမ်းကုန်တယ်။ လူတွေရဲ့ ပါးစပ်တွေပါ ပိတ်ချင်တဲ့ သဘောရှိတယ်။ ပြီးခဲ့တဲ့ ၁၀ လ အတွင်းမှာ ချိပ်ပိတ်ခံရတဲ့အိမ်တွေက မနည်းဘူး။ ချိပ်ပိတ်ခံရတဲ့ အိမ်အများစုက ပညာရေးဝန်ထမ်းတွေရဲ့ အိမ်တွေနဲ့ NLD ပါတီဝင်တွေရဲ့ အိမ်တွေများတယ်။ မိသားစုတိုင်းက တန်ဖိုးထားတဲ့ အိမ်မရှိတဲ့ ဘဝမျိုး မရောက်ပါစေနဲ့လို့ပဲဆု တောင်း နေတယ်” လို့ ပြောပါတယ်။

အဲဒီ နေအိမ်ချိပ်ပိတ်ခံထားရတဲ့အများစုကို အကြမ်းဖက်ဥပဒေ ပုဒ်မ၊ မတရားအသင်း ဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်အညိုပျက်စေမှု စတဲ့ ပုဒ်မတွေနဲ့ စစ်ကောင်စီက အမှုဖွင့်ကြောင်း ကြေညာထားတဲ့သူတွေရဲ့ အိမ်တွေပါဝင်ပြီး ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်ထားတာမရှိတဲ့ သူတွေလည်း ပါတယ်လို့ သိရပါတယ်။

နေအိမ် ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတာမှာ ကျိုက်လတ်၊ မအူပင်၊ ဝါးခယ်မ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ရေကြည်၊ ဟင်္သာတ၊ ဝါးခယ်မ၊ ဒေးဒရဲ၊ မြောင်းမြ၊ ပန်းတနော်၊ ဓနုဖြူ၊ ဇလွန်၊ ငပုတော၊ လပွတ္တာ စတဲ့ မြို့နယ်တွေကနေအိမ်တွေ အများဆုံး ပါဝင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013