DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးနှင့် စာနယ်ဇင်းကောင်စီ တွေ့မည်
DVB
·
August 20, 2014
လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးနှင့် စာနယ်ဇင်းကောင်စီ တွေ့မည်
Donate to DVB

လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီတို့ လွှတ်တော်မှာ ဒီနေ့ တွေ့ဆုံဖို့ ရှိပါတယ်။

မနက်ပိုင်းမှာ အမျိုးသာလွတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နဲ့ တွေ့မှာ ဖြစ်ပြီး ညနေပိုင်းမှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွေမန်း နဲ့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

DSC_5434လက်တလောမှာ သတင်းထောက် တချို့ ထောင်ဒဏ် အပြစ်ပေးခံ ရတာတွေ၊ တရားစွဲခံရတာတွေ ရှိနေပြီး အခု လ ၂ ရက်နေ့ က စာနယ်ဇင်းကောင်စီ ယာယီ နဲ့ သမ္မတ တို့ တွေ့ဆုံခဲ့ပါသေး တယ်။

နိုင်ငံတော်သမ္မတနဲ့ စာနယ်ဇင်းကောင်စီတို့ တွေ့ဆုံအပြီးမှာ သတင်းသမားတွေနဲ့ အစိုးရအကြား အထင်အမြင်လွဲမှားမှုတွေ၊ မယုံကြည်မှုတွေ မဖြစ်အောင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်က တာဝန်ရှိသူတွေနဲ့ သတင်းသမားတွေအားလုံးပါဝင်တဲ့ ညီလာခံကျင်းပသွားဖို့ သဘောတူညီမှုရခဲ့ကြပါတယ်။

စာနယ်ဇင်းကောင်စီရဲ့ အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးဇော်သက်ထွေးက ဦးရွှေမန်းနဲ့ တွေ့တဲ့အခါ မဏ္ဍိုင်ကြီးလေးခု တွေ့ဆုံဖို့အတွက် ရက်ချိန်းတောင်းဖို့ကို အဓိကထား တောင်းဆိုမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကတော့    စက်တင်ဘာလကုန်ပိုင်းမှာ မဏ္ဍိုင်ကြီး ၄ ခု တွေ့ဆုံဖို့ရှိတယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013